အဆင့်မြင့်နည်းပညာများဖြင့် ခမ်းနားတင့်တယ်စွာ ပုံပေါ်ထားသော vivo V29 5G Velvet Red အား အရေအတွက်အကန့်အသတ်ဖြင့် စတင်ရောင်းချ

29.11.23-yyl-12.jpg

ဈေးကွက်ရှေ့ဆောင်နည်းပညာ အမှတ် တံဆိပ်တစ်ခုဖြစ်သည့် vivo သည် V29 5G Velvet Red အရောင်အား အကန့်အသတ် ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း တရားဝင် စတင်မိတ်ဆက်လိုက်သည်။ ယခုအချိန်မှ စတင်ကာ ၎င်းအား မြန်မာနိုင်ငံတွင် ၁,၃၉၉,၈၀၀ ကျပ်ဖြင့်စတင်ဝယ်နိုင်ပြီ။ ခေတ်မှီကင်မရာ လုပ်ဆောင်ချက် များ၊ နည်းပညာ ထီထွင်မှုများနှင့် အကောင်းမွန်အလှပဆုံးသော ဒီဇိုင်းပါရှိပြီး စမတ်ဖုန်းနယ်ပယ်တွင် ခေတ်ရှေ့ပြေးသော V series ၏အမွေအနှစ်ကို ဆက်လက် သယ်ဆောင်လာ ခဲ့ပါသည်။ ဝယ်ယူသူများ အနေဖြင့် အထူးလျှော့ဈေးနှင့် လက်ဆောင်များကိုလည်း ရရှိမည်ဖြစ်သည်။

Velvet Red အရောင်အား Flourite AG Glass နည်းပညာကို အသုံးပြုထားသဖြင့် အလင်းနှင့် အမှောင် ပြောင်းလဲမှုတွင် အထိအတွေ့ နူးညံ့မှုနှင့် အရည်အသွေး ထူးခြားကောင်းမွန်မှု တို့အားတစ်လှည့်စီ ခံစားနိုင်ပြီး Color-Changing Glass နှင့် Nano-scale Photoetching နည်းပညာတို့ကြောင့် ထူးခြားသည့် အထိအတွေ့ကို ရရှိစေသည်။ ၎င်းတွင်ပါဝင်သော နီညိုရောင်၏ အရောင် အရည်အသွေးကြောင့် Fluorite AG Glass အား အသက်ဝင်စေကာ အလင်းနှင့် အမှောင်တွင် လှပစွာ ကူးပြောင်းနိုင်စေပြီး နူးညံ့သော ထိတွေ့မှုနှင့် ပရီမီယံအရည်အသွေးအသွင်အပြင်ကို ပေးစွမ်းသည်။ နေရောင် အောက်တွင်လည်း Velvet Red ၏ အရောင်အရည်အသွေး ကြွယ်ဝမှုနှင့် ခမ်းနား တင့်တယ်မှု တို့ကြောင့် V29 5G အား ပြောစမတ် တင်လောက်ဖွယ်ရာ ထူးခြားစေကာ အရည်အသွေး မြင့်မားစေသည်။

မကြာသေးမီက vivo V 5G စီးရီး၏ Innovative 3D Magnetic Particle ပါဝင်သော Peak Blue အရောင်နှင့် Fluorite AG Glass ပါဝင်သော Nobel Black တို့ကို ထုတ်လုပ်ရောင်းချခဲ့သည်။ ထိုအရောင်နှစ်မျိုးသည်လည်း စမတ်ဖုန်း၏ လှပသော ဒီဇိုင်းနှင့် နူးညံ့ကောင်းမွန်သော အထိအတွေ့ တို့ကို ပေါ်လွင်စေသည်။

vivo 5G တွင် Smart Aura Light, 50 MP OIS Ultra-Sensing camera, 50 MP HD Camera (AF), 8 MP Ultra Wide-Angle, 2 MP Monochrome camera, 50 MP AF Group Selfie နှင့် Super Group Video တို့ ပါဝင်မှုကြောင့် အရည်အသွေးမြင့် ဗီဒီယိုများနှင့် လှပသော အုပ်စုဖွဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါသည်။ Smart Aura Light ပါဝင်မှုကြောင့် အလင်းရောင် ကောင်းမွန်စွာ မရရှိသော နေရာများတွင် ဓါတ်ပုံရိုက်ကူပါက အလင်းရောင် ထိန်းညှိပေးပြီး ရုပ်ထွက်ကောင်းမွန်စေသည့်အပြင် အလင်းရောင် သေချာမရသောပုံများအားလည်း ကောင်းမွန်လှပသော ဓါတ်ပုံများအဖြစ်သို့ ပြောင်းလဲနိုင်ပါသည်။ ၎င်း၏ ကိုယ်ထည်မှာ 7.46 mm သာအထူရှိသည့်အတွက် လက်ဖြင့် ကိုင်ဆောင်ရာတွင် ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိသည်။

vivo V29 5G Velvet Red တွင် Qualcomm Snapdragon® 778G processor ပါဝင်သည့်အတွက် အလုပ်လုပ်ရာ တွင်ဖြစ်စေ ဂိမ်းဆော့ကစားရာ တွင်ဖြစ်စေ လုပ်ဆောင်ချက်များ အထူး ကောင်းမွန်သည်။ ၎င်းတွင် 4600 mAh Battery အား အားဖြည့်သွင်းရန် 80W FlashCharge ပါဝင်သောကြောင့် အားသွင်းရမြန်ဆန်သည်။ 120 Hz 3D Curved Screen ကြောင့် အလွန်ပါးပြီး စတိုင်ကျလှပသည် ဒီဇိုင်းအားပေါ်လွင်စေပြီး သုံးစွဲသူများအတွက် ရုပ်ထွက်ကောင်းမွန်သည့် ကြည့်ရှုမှု အတွေ့အကြုံကို ပေးပါသည်။

အကန့်အသတ်ဖြင့် ထုတ်လုပ်သွားမည့် vivo V29 5G Velvet Red သည် ခမ်းနားလှပမှုနှင့် နည်းပညာ တီထွင် ဖန်တီးထားမှု တို့အား စတိုင်ကျလှပသည့် ဒီဇိုင်းနှင့် နောက်ဆုံးပေါ် နည်းပညာတို့ဖြင့် ဖော်ပြထားသည်။ vivo V29 5G Velvet Red edition မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၈ ရက်မှစတင်ကာ ၁,၃၉၉,၈၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ ဝယ်ယူသူများအနေနှင့် Selfie Stick နှင့် Foomee Powerbank တို့ကို လက်ဆောင်ရရှိမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top