နာမည်ကြီးတရားခံပြေးတွေ မမိတာနဲ့ပတ်သက်ပြီး သစ်ပင်နဲ့ တောအုပ်ကို ဥပမာပေး ပြောကြားသွား

8-1-2021-yyl19.jpg

ရန်ကုန် ဇန်နဝါရီ ၈
သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ နာမည်ကြီးတရားခံပြေးတွေ မမိတာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သစ်ပင်နဲ့တောအုပ်ကို ဥပမာပေးပြီး ပြောကြားသွားပါတယ်။

”သစ်ပင်ကို တောအုပ်ကဖုန်းရင် အဲဒီသစ်ပင်ကို မမြင်ရဘူးပေါ့ဗျာ။ အလားတူပဲ ဒီသစ်ပင်ကိုရှာတဲ့ သူတွေကလည်း ဒီသစ်ပင်ဘယ်မှာရှာလဲ။ တောအုပ်မြင်တာနဲ့ မရှာတော့ဘူးလား”ဆိုပြီး ပြောကြားသွားတာပါ။

အခုလို နာမည်ကြီးတရားခံပြေးတွေကို ဖမ်းလို့မမိပေမယ့် ကိုယ်တိုင်ဖမ်းဆီးခံချင်တဲ့အချိန်ကျရင် ကြိတင် ချိတ်ဆက်ပြီး Live လွှင့်တာမျိုးတွေဟာ နိုင်ငံအတွက် စိုးရိမ်ဖို့ကောင်းတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

”ဒါမျိုးတွေက ဒီနိုင်ငံအတွက် စိုးရိမ်ဖို့ကောင်းတယ်။ အဲဒီကနေဆက်စပ်ပြီး အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် လစ်ဟာချက်ကွက်လပ်တွေဖြစ်လာမှာစိုးရိမ်တယ်”လို့ သူက ပြောပါတယ်။

နာမည်ကြီးတရားခံပြေးတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာလည်း ထပ်ပြီးစိစစ်ရှာဖွေဖော်ထုတ်နေပါ တယ်ဆိုတဲ့ တင်ပြချက်မျိုးပဲ လာနေတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။
”တရားဥပဒေစိုးမိုးရေး ဘယ်လောက်ပဲအော်နေအော်နေ လက်တွေ့လုပ်ရတဲ့ Law Enforcement Agencies တွေက သေသေချာချာလုပ်ဖို့လိုတယ်၊ တကယ်လည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်”လို့ သူက ပြောပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top