အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ သမိုင်းမှတ်တိုင်သစ် တစ်ခုဖြစ်သည့် Gameverse – Mission 2024 – Main Event ပြိင်ပွဲများကို ကြီးကျယ်ခမ်းနား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့

18.6.2024-yyl-5.jpg

အူရီဒူးမြန်မာသည် ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သုဝဏ္ဏ အမျိုးသားမိုးလုံလေလုံ အားကစားကွင်း၌ Gameverse – Mission 2024 Main Event ပြိုင်ပွဲများကို စိတ်ဝင်စားဖွယ် အစီအစဉ်များနှင့် အတူ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။မြန်မာနိုင်ငံ eSports သမိုင်းတွင် 3rd Party မှကျင်းပသည့် ဆုကြေးငွေ အမြင့်ဆုံးပေးအပ်သော ဂိမ်းပြိုင်ပွဲကြီးတစ်ခုဖြစ်ခဲ့သည့်အပြင် ပါဝင်ခဲ့ကြသည့် ဂိမ်းဝါသနာရှင်များနှင့် လာရောက်ကြည့်ရှုသူများအတွက် ခမ်းနားသော အပြင်အဆင်များ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ပွဲစဉ်များ၊ စွဲမက်ဖွယ်အတွေ့အကြုံများနှင့် စိတ်လှုပ်ရှားမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။

Gameverse – Mission 2024 တွင် အမျိုးသားနှင့် အမျိုးသမီးစုစုပေါင်း ၂၄၁ သင်းဖြင့် စံချိန်တင် ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်း 3rd Party မှ ကျင်းပသည့် Mobile Legends ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်အသင်းများ အများဆုံးပါဝင်သည့်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ Gameverse – Mission 2024 Main Event သည် ရက်သတ္တပတ်များစွာ ပြိုင်ဆိုင်မှု ပြင်းထန်သော အွန်လိုင်း ပြိုင်ပွဲများအပြီးမှာ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး Event ဖြစ်လာခဲ့ပြီး တက်ရောက်သူဦးရေ စုစုပေါင်း ၁၂,၀၀၀ ကျော်နှင့် အွန်လိုင်းမှပွဲစဉ်များကြည့်ရှုသူ ၁,၄၀၀,၀၀၀ ကျော်ဖြင့် စံချိန်တင်ခဲ့သည် ။ Gameverse – Mission 2024 Main Event တွင် ပြိုင်ပွဲဝင်ထိပ်တန်းအသင်းများ၏ ပြင်းထန်သောယှဉ်ပြိုင်မှုများက ပရိသတ်များကို ရင်သပ်ရှုမောအံ့အားသင့်စေခဲ့သည်။ အူရီဒူးမြန်မာအနေဖြင့် အနိုင်ရရှိသော အသင်းများကို ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါသည်။
အမျိုးသားချန်ပီယံအသင်း – AI Esports
အမျိုးသမီးအသင်းချန်ပီယံအသင်း – NET Angels

Gameverse – Mission 2024 သည် မြန်မာနိုင်ငံရှိ ဂိမ်းနယ်ပယ်မှ လူမှုအသိုင်းအဝိုင်းများအတွက် ပံ့ပိုးမြှင့်တင်ပေးလိုသည့် အူရီဒူးမြန်မာ၏ လုပ်ဆောင်ချက်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ eSports သမိုင်းတွင် 3rd Party မှ ကျင်းပသည့် ပြိုင်ပွဲများတွင် ဆုကြေးအများဆုံး ပေးအပ်ခဲ့သည့် ပြိင်ပွဲဖြစ်ပြီး စုစုပေါင်း သိန်း ၇၀၀ ကျပ် ပေးအပ်ခဲ့ကာ အမျိုးသားအသင်းများအတွက် စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း ၅၀၀ နှင့် အမျိုးသမီးအသင်းများအတွက် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၂၀၀ ကျပ်စီ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အူရီဒူးမြန်မာ၏ Gameverse – Mission 2024 သည် စိတ်လှုပ်ရှားဖွယ် အစီအစဥ်ပေါင်းများစွာနှင့်အတူ လာရောက်အားပေး ကြည့်ရှုသူများအတွက်လည်း အမှတ်ရစေမည့် အတွေ့အကြုံများစွာ ဖန်တီးပေးနိုင်ခဲ့ပါသည်။

Main Event အတွင်း အူရီဒူးမြန်မာအနေဖြင့် အောက်ဖော်ပြပါ စိတ်လှုပ်ရှားဖွယ်ရာ Features များနှင့်အတူ Ooredoo SuperApp မှာ Gameverse Portal ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

· PUGB၊ Clash of Clans နှင့် အခြားနာမည်ကြီးဂိမ်းများ တိုက်ရိုက်ဝယ်ယူမှု – နာမည်ကြီး eSport ဂိမ်းအားလုံးအတွက် အူရီဒူးဖုန်းဘီလ်ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ပါသည်။
· eSports ပြိုင်ပွဲများ – ပြိုင်ပွဲများအား တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ပြိုင်ပွဲဆိုင်ရာ သတင်းအချက်အလက်များနှင့် ပြိုင်ပွဲစာရင်းသွင်းခြင်း features များ ပါဝင်မှာဖြစ်ပါသည်။
· ပေါ့ပေါ့ပါးပါးဆော့နိုင်သော ဂိမ်းများ – Ocade၊ Game City စသော နာမည်ကြီးဂိမ်းတစ်ခုခြင်းစီကို Portal တစ်ခုထဲအောက်ထဲတွင် စုံလင်စွာ ကစားနိုင်မည်ဖြစ်ပါသည်။

ဂိမ်းကစားခြင်းကို ကြိုက်နှစ်သက်သူများအတွက် Ooredoo SuperApp တွင် “ရှယ်ပလေး” ဂိမ်းအစီအစဉ်များစွာကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ၎င်းပက်ကေ့ချ်များတွင် Mobile Legends၊ PUBG Mobile စသည့် ဂိမ်းတို့ကို ဒေတာသက်သာစွာဖြင့် ဆော့ကစားနိုင်ရန် အထူးနှုန်းထားများ ပါဝင်ပါသည်။ ထို့ပြင် မကြားသေးမီက Honor of Kings ဂိမ်းကိုလည်း “ရှယ်ပလေး” ပက်ကေ့ချ်နှင့် ဆော့ကစားနိုင်ရန် ထည့်သွင်းထားပြီးဖြစ်ပါသည်။

Gameverse နှင့်ပါတ်သက်သည့် update သတင်းအချက်အလက်များကို သိရှိရန်၊ စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းပြိုင်ပွဲများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုရန်၊ မိမိအကြိုက်နှစ်သက်ဆုံး eSports အဖွဲ့များကို Follow လုပ်ထားပြီး စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲများနှင့် ကံစမ်းမဲများတွင် ပါဝင်နိုင်ရန် ‘Gameverse by Ooredoo’ YouTube နှင့် ဆိုရှယ်မီဒီယာ channels များသို့ စာရင်းသွင်းထားပြီး လေ့လာစောင့်ကြည့်နိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
scroll to top