ကိုဗစ်ကာလ ခက်ခဲတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု (၈၀၀) ကို စားနပ်ရိက္ခာတွေ လှူဒါန်း

17-11-2020-yyl-012.jpg

Australian Aid ရဲ့ လှူဒါန်းမှုနဲ့ Plan International ၊ Clean Yangon တို့ ပူးပေါင်းပြီး ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် အပိုင်း (၆)မှာရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု (၄၀၀)ကို ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ် တန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို ဒီကနေ့ ( နိုဝင်ဘာလ ၁၆ ရက်) သွားရောက်လှူဒါန်းခဲ့ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်ကျရင် ကိုဗစ်ကာလ စားနပ်ရိက္ခာခက်ခဲနေတဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အိမ်ထောင်စု(၄၀၀) ကို သွားရောက်လှူဒါန်းကြမှာ ဖြစ်ပါတယ်။

Clean Yangon ဟာ အခြေခံလူတန်းစားတွေ၊ မသန်စွမ်းသူတွေ၊ နာမကျန်းသူတွေ၊ သက်ကြီးဘိုးဘွားတွေအတွက် စားနပ်ရိက္ခာ မျှဝေပေးနေသလို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ သီလရှင်စာသင်တိုက်တွေ၊ ဘိုးဘွားရိပ်သာတွေနဲ့ မိဘမဲ့ဂေဟာတွေကိုလည်း လှူဒါန်းကူညီလျက်ရှိပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top