အောက်တိုဘာ ၃၀ ရက်မှာ ဒီရစ်ဒါနဲ့ ချန်ပီယံခါးပတ် ကာကွယ်ပွဲ ထိုးသတ်မယ့် မြန်မာ့စပါးအုံး အောင်လအန်ဆန်

6-10-2020-yyl-010.jpg

အောက်တိုဘာလ ၃၀ ရက်မှာ ကျင်းပမယ့် ONE: Inside The Matrix ပြိုင်ပွဲမှာ ပရိသတ်အချစ်တော် မြန်မာ့စပါးအုံး အောင်လအန်ဆန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ အပါအဝင် ချန်ပီယံခါးပတ်လုပွဲ (၄)ပွဲ ပါဝင်လိမ့်မယ်လို့ One Championship ရဲ့ စီအီးအိုက ကြေညာခဲ့ပါတယ်။


One Championship ရဲ့ ဝိတ်တန်း(၂)တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဟော်လန်သိုင်းပေါင်းစုံ ကစားသမား ဒီရစ်ဒါနဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ကာကွယ်ပွဲ ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဂျူဒိုခါးပတ်နက် ပိုင်ဆိုင်ထားတဲ့ ဒီရစ်ဒါဟာ (၁၂)ပွဲထိုး၊ (၁၂)ပွဲနိုင် မှတ်တမ်း ရှိနေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဘရာဇီး ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ (၅)ကြိမ် ဆွတ်ခူးခဲ့သူ လီယန်ဒရိုအက်တိုင်ဒက်စ်ကို အနိုင်ရခဲ့သူပါ။

ONE: Inside The Matrix ပြိုင်ပွဲမှာ အောင်လအန်ဆန်ရဲ့ အသင်းဖော်ဖြစ်တဲ့ သြစတြေးလျသိုင်းပေါင်းစုံ ကစားသမား မာတင်ငုယင်လည်း ပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ မာတင်ငုယင်ဟာ ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် အမေရိကန်သိုင်းပေါင်းစုံ ကစားသမား သန်းလီနဲ့ ထိုးသတ်မှာဖြစ်ပြီး လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် ခရစ်ယာန်လီနဲ့ လာပီကက်စ်၊ စထရောဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် ရှောင်ကျင်းနန်နဲ့ တစ်ဖနီတီယိုတို့ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top