အောင်လရဲ့ပြိုင်ဘက်ကောင်းဖြစ်လာနိုင်တဲ့ ဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ Tom DeBlass

25-5-2020-yyl-036.jpg

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် အားကစားလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံ ပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်တဲ့အခါ စိတ်လှုပ်ရှားစရာပြိုင် ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေးအတွက် အကောင်းဆုံးမဟာဗျူဟာတွေ ချမှတ်ထားပါတယ်။ ပွဲမဝင်ခင် အပြင်ကကျင်းပဆိုတဲ့ စကားပုံအ တိုင်း ပြိုင်ပွဲတွေပြန်လည်ကျင်းပခွင့်ရတဲ့ အခါသမယ ရောက်လာခဲ့ရင် မြင်နေကျ အားကစားသမားတွေသာမက အခြားနာမည်ကြီးတွေပါ မြင်နိုင်ခွင့်ရစေဖို့အတွက် ထိပ်တန်းကစားသမားတွေကို စာချုပ်ချုပ်ဆိုကာ ခေါ်ယူလျက်ရှိပါတယ်။ မေလ ၁၇ ရက်ကဆိုရင်လည်း ဂျူဂျစ် ဆုဂန္ထဝင်ကစားသမား Tom DeBlass ကို စာချုပ်လိုက်ပါတယ်။

အသက် ၃၈ နှစ်အရွယ် အမေရိကန်အားကစားသမား DeBlass ဟာ ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံဆုကို ကြိမ်ဖန်များစွာရယူဖူးပြီး ရှုံးပွဲမရှိသေးတဲ့ ဖယ်သာဝိတ်တန်းအဆင့် ၅ Garry “The Lion Killer” Tonon ရဲ့နည်းပြဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၀ ဇွန်လအတွင်း ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၉ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ နယူးဂျာစီပြည်နယ်မှာ အခြေစိုက်နေထိုင်လျက်ရှိတဲ့ DeBlass ရဲ့နိုင်ပွဲ ၉ ပွဲအနက် ၄ ပွဲက အလဲထိုးနိုင်ပွဲတွေဖြစ်သလို ၂ ပွဲက ချုပ်ကွက်နဲ့ အနိုင်ရခဲ့ တာပါ။ ၎င်းဟာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နောက်ဆုံးထိုးသတ်ခဲ့ပြီးနောက် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလောကကိုစွန့် ခွာကာ နပမ်းပြိုင်ပွဲတွေ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်။ DeBlass ရဲ့ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဘဝ ၃ နှစ်ခွဲကာလကို ပြန် ပြောင်းကြည့်မယ်ဆိုရင် Ring Of Combat အဖွဲ့အစည်းရဲ့လိုက်ဟဲဗီးဝိတ်နဲ့ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်တွေ ရယူနိုင်ခဲ့ပါတယ်။

သူ့အနေနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာဖို့ အဓိကဆွဲဆောင်နိုင်တဲ့အချက်က ONE Championship ဥက္ကဋ္ဌ Chatri Sityodtong ရဲ့ပြင်းပြတဲ့စိတ်အားထက်သန်မှု၊ အားကစားသမားတွေက တစ်ဦးအပေါ် တစ်ဦးက ရိုသေလေးစားသမှုရှိမှုနဲ့ အတူ အခြားသော ကောင်းမွန်တဲ့အချက်တွေကြောင့် စိတ်ပြန်လည်လာတာဖြစ်တယ်လို့ DeBlass က ပြောပါတယ်။ ၎င်းဟာ တပည့်ဖြစ် သူ Garry Tonon ရဲ့ပွဲတွေကို ကြိုးဝိုင်းအကူလူအဖြစ်ဆောင်ရွက်စဉ် ONE Championship ရဲ့အစီအစဉ်တကျ စီမံခန့်ခွဲမှုတွေအပေါ် ကျေနပ်အားရမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

“Garry Tonon ရဲ့အကူလူအဖြစ် ပထမဆုံးဆောင်ရွက်တဲ့ အဖြစ်အပျက်ကို သတိရမိတယ်။ ONE Championship ဥက္ကဋ္ဌ Chatri Sityodtong က ကျွန်တော့်အနားကပ်လာပြီး မင်းကို ငါသိနေတာကြာပြီလို့ပြောတယ်။ ကျွန်တော်ကလည်း သူ့ကို သဘောကျသလို သူ့ ဝန်ထမ်းတွေ၊ ပရိသတ်တွေကိုလည်း သဘောကျတယ်။ အားကစားသမားတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိတာ ကြောင့်လည်း ချက်ချင်းပဲ MMA ကို ပြန်ချစ်သွားခဲ့တာ။ ဆာမူရိုင်းတွေရဲ့ကျင့်ဝတ်စည်းကမ်းတွေကို ကြိုက်နှစ်သက်သလို ONE Championship လို အဖွဲ့အစည်းရဲ့ကျင့်ဝတ်စည်းကမ်းတွေကို ဘယ်သူကမှ လိုက်မယှဉ်နိုင်ပါဘူး” လို့ အာရှအကြီးဆုံး အားကစားမီဒီ ယာအဖွဲ့အစည်းနဲ့ လက်တွဲဖြစ်တဲ့အကြောင်းကို DeBlass က ၎င်းရဲ့လူမှုကွန်ရက်ကနေ ဖွင့်ဟပါတယ်။

Chatri ကလည်း DeBlass နဲ့ အတူတကွ အလုပ်တွဲလုပ်ခွင့်ရလာမယ့်အပေါ် ကျေနပ်အားရမှုအပြည့်ရှိပြီး အာရှတိုက်ကနေ လှိုက်လှိုက် လှဲလှဲ ကြိုဆိုတယ်လို့ ပြောပါတယ်။ DeBlass အနေနဲ့ ဘယ်နေ့ဘယ်ရက်မှာ ONE Championship အဖွင့်ပြိုင်ပွဲ ယှဉ်ပြိုင်ထိုးသတ်မယ် ဆိုတာ အတိအကျမသိရပေမယ့်လည်း ဟဲဗီးဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းမှာ ထိုးသတ်ဖို့က သေချာသလောက်ရှိနေပါတယ်။ ဒါ ကြောင့် ၎င်းဟာ ONE Championship ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Brandon “The Truth” Vera နဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်တို့အတွက် ပြိုင်ဘက်ကောင်းတစ် ယောက်ဖြစ်လာမှာပါ။ ၃၈ နှစ်ဆိုတဲ့အသက်အရွယ်ကြောင့် ကြိုးဝိုင်းထဲပြန်လည်ဝင်ရောက်လာချိန်ကျရင် ပြိုင်ဘက်တွေအပေါ် အလဲထိုး မယ် ဒါမှမဟုတ် နိုင်ပွဲရယူမယ်ဆိုတာ မပြောချင်ဘူးလို့ ဆိုပေမယ့်လည်း ရာနှုန်းပြည့် ကြိုးစားအားထုတ်ကာ ယှဉ်ပြိုင်ထိုးသတ်သွားမယ် ဆိုတာကိုတော့ ကတိပေးကြောင်း ၎င်းက ဖွင့်ဟပါတယ်။

“ခင်ဗျားကို ကတိပေးနိုင်တာကတော့ ကျွန်တော့်ရဲ့အကောင်းဆုံးတွေကိုပေးဆပ်ပြီး ယှဉ်ပြိုင်ထိုးသတ်သွားမယ်ဆိုတာပါပဲ။ အဲဒါက ဘယ်တော့မှပြောင်းလဲမသွားမယ့် အရာတစ်ခုပါ။ အသက် ၃၈ နှစ်အရွယ်မှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ နောက်တစ် ကြိမ် ထပ်မံစမ်းသပ်မခံချင်တော့ပါဘူး။ ဒါပေမဲ့ ဒီအခွင့်အလမ်းက ဘုရားပေးတာဖြစ်ပြီး ရိုးရှင်ပါတယ်။ ကျွန်တော့်အတွက် ရပိုင်ခွင့်တစ် ခုဖြစ်ပြီး လက်ခံဖို့လည်း တာဝန်ရှိပါတယ်။ အခုတော့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြန်လည်ပြသနိုင်မယ့် အချိန်ကောင်းပါပဲ။ ကျွန် တော့်ကို ထောက်ခံပေးသလို အခွင့်အရေးပေးတဲ့အတွက်လည်း Chatri ကို ကျေးဇူးတင်ပါတယ်” လို့ DeBlass က ပြောပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top