ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ

25-5-2020-yyl-033.jpg

အခုထိ ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဗိုင်းရပ်စ်ရှိနေနိုင်တဲ့နေရာတွေကို မထိတွေ့မိအောင် ဂရုစိုက်ရှောင်ရှားသင့်ပါတယ်။ ဘတ်တီးရီးယားတွေက ဖိနပ်တွေမှာ ကပ်ညှိနိုင်တယ်ဆိုတာ သိထားကြပြီး ဗိုင်းရပ်စ်တွေကလည်း ဖိနပ်မှာရှိရင်ရှိနိုင်ပါတယ်။ အပြင်သွားတဲ့အခါ ဖိနပ်ကနေ အိမ်ကို ဗိုင်းရပ်စ်တွေ ပါလာမှာဆိုးရပါတယ်။ ဒါကြောင့် ဖိနပ်တွေကို သန့်စင်ပိုးသတ်ပေးသင့်ပါတယ်။ သန့်စင်တာက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့အချက်ပါပဲ။ ပေါ့ပေါ့ပါးပါးဖိနပ်နဲ့ ဖိနပ်အပါးတွေက သန့်စင်ရတာလွယ်ကူပေးမယ့် ဈေးကြီးတန်ဖိနပ်တွေကတော့ သန့်စင်ဖို့ နည်းနည်းတော့သတိထားရပါတယ်။ သန့်စင်တာမှားသွားရင် ဖိနပ်တွေပျက်စီးသွားမှာဆိုးရပါတယ်။

ရေနွေးပူနဲ့ဆပ်ပြာကို အသုံးပြုပြီး သန့်စင်လို့ရတဲ့ပစ္စည်းတွေရှိပေမယ့် ဈေးကြီးတန်ဖိနပ်တွေကတော့ အဲဒီလိုလုပ်လို့မရပါဘူး။ အိမ်မှာ ဖိနပ်တွေကို သန့်စင်ပိုးသတ်ချင်ရင် အောက်မှာဖော်ပြပေးထားတဲ့လွယ်ကူတဲ့နည်းလမ်းတွေကို လိုက်နာကြည့်သင့်ပါတယ်။ ဖိနပ်တွေကို သန့်စင်တဲ့အခါ တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုဖို့မမေ့နဲ့နော်။

သေသေချာချာ သန့်စင်ပါ

ဖိနပ်တွေကို ပိုးမသတ်ခင်မှာ သန့်စင်ပေးဖို့ အမြဲတမ်းသတိရပါ။ တချို့ဖိနပ်တွေက ဆပ်ပြာ၊ ရေတို့နဲ့ သန့်ရှင်းပေးလိုက်ရုံနဲ့ရပါတယ်။ တချို့ဖိနပ်တွေကကျတော့ ရေအများကြီးစိုလို့မရတဲ့အတွက်ညဖိနပ်မှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ဖယ်ရှားချင်ရင် ဘရက်ရှ်ကို အသုံးပြုလို့ရသလို အဝတ်စိုစိုနဲ့ သန်စင်လို့လည်းရပါတယ်။

ပိုးသတ်ဆေးဖျန်းပါ

ဖိနပ်ကို ပိုးသတ်ဖို့ဆိုရင် အထည်အတွက် ပြုလုပ်ထားတဲ့ပိုးသတ်ဆေးကို အသုံးပြုလို့ရပါတယ်။ အဲဒီပိုးသတ်ဆေးက ချည်ထည်တွေကို ပျက်စီး၊ စွန်းထင်းစေတဲ့ ဓာတုဓာတ်ပါဝင်မှုနည်းပါတယ်။ ဖိနပ်တစ်ခုလုံးကိုဖျန်းဖို့ဆိုရင် areosol စပရေးကို အသုံးပြုတာအကောင်းဆုံးပါပဲ။

ဖိနပ်တွေ ခြောက်အောင်ထားပါ

ပိုးသတ်ဆေးသုံးပြီးတဲ့နောက် အခန်းတွင်းအပူချိန်နဲ့ဖိနပ်တွေကို ခြောက်အောင်ထားလို့ရပါတယ်။ နေရောင်အောက်မှာ မထားပါနဲ့။ ဖိနပ်အသုံးမပြုခင် ဖိနပ်သေချာခြောက်အောင်စောင့်သင့်ပါတယ်။

သားရေဖိနပ်တွေကို ဘယ်လိုသန့်စင်မလဲ

သားရေဖိနပ်တွေကို သန့်စင်ချင်ရင် Suede eraser (သားရေသန့်စင်တဲ့ခဲဖျက်) ကို အသုံးပြုလို့ရပါတယ်။ အဲဒါကို သားရေမှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေး၊ အစွန်းအထင်းတွေကို ဖယ်ရှားတဲ့နေရာမှာ အသုံးပြုလို့ရပြီး သားရေအမျိုးအစားဖိနပ်တွေအတွက် သီးသန့်ထုတ်ထားတာဖြစ်ပါတယ်။

ဖိနပ်တွေကို စိုအောင်မထားပါနဲ့

စိုစွတ်တဲ့ဖိနပ်တွေကို ဘတ်တီးရီးယားတွေ ပိုပြီးကပ်ညှိပါတယ်။ ဒါကြောင့် ဖိနပ်တွေ စိုနေရင် ပျက်စီးတာတွေမဖြစ်အောင်၊ ဘတ်တီးရီးယားတွေ မခိုအောင်းအောင် ခြောက်သွေ့သွားအောင် လုပ်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ သဘာဝအတိုင်းခြောက်အောင်ထားတာပါပဲ။ ဖိနပ်ခြောက်အောင်တစ်ရှုး၊ သတင်းစာတို့ကို အသုံးပြုလို့ရပါတယ်။ သတင်းစာအသုံးပြုတဲ့အခါ မင်အနက်နဲ့ ပုံတွေပါတဲ့စာရွက်တွေကိုတော့ သတိထားသင့်ပါတယ်။ အဲဒါတွေက ဖိနပ်တွေကိုအစွန်းအထင်းဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Ref: How to clean and disinfect expensive shoes at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top