OPPO မှ ထူးခြားစုံလင်သော ကင်မရာလုပ်ဆောင်ချက်များနှင့် မြန်ဆန်တိကျသည့် စွမ်းဆောင်ရည်များ ပေးစွမ်းနိုင်သော “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” နှင့် OPPO F17 Pro ကို မိတ်ဆက်

Main-Photo-1.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ ခေတ်မီ တောက်ပြောင်သည့် ဒီဇိုင်း၊ ထူးခြားစုံလင်သော ကင်မရာလုပ်ဆောင်ချက်များအပြင် မြန်ဆန်တိကျသော စမတ်ဖုန်း စွမ်းဆောင်ရည်များ ပေးစွမ်းနိုင်သည့် “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” ဟူသောဆောင်ပုဒ်ဖြင့် ထွက်ရှိလာသော OPPO F17 Pro နှင့် လူကြိုက်များသော OPPO Smart Watch (46mm) ၏ Glossy Gold အရောင်အသစ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် OPPO Myanmar Facebook Page ၌ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် OPPO F17 Pro အွန်လိုင်းမိတ်ဆက်ပွဲမှ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်သို့ တရားဝင်မိတ်ဆက်ပေးခဲ့သည်။

OPPO ၏ AI Portrait ကင်မရာ ၆ ခု နှင့် 30W VOOC Flash Charge စနစ် ပါဝင်လာသော OPPO F17 Pro ကို “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” ဟူသော ဆောင်ပုဒ်နှင့် ကိုက်ညီအောင် 7.48mm ဖုန်းအထူနှင့် အလေးချိန် 164g သာရှိအောင် ဖန်တီး ပြုလုပ်ထားသည်။ OPPO F17 Pro ၏ 220 Degree Edge ဒီဇိုင်းသည် ထောင့်ချိုးလှပသေသပ်ပြီး ဖုန်းကိုင်ဆောင်ရာတွင် သက်သောင့်သက်သာရှိစေမည်ဖြစ်ကာ အကောင်းဆုံးသော Hand-feeling ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

အံ့ဩစရာ ကောင်းသည့် အသွင်အပြင်နှင့် ကမ္ဘာ့ပထမဆုံးသော စွဲမက်ဖွယ်‌ တောက်ပသည့် ရောင်ပြန် အမှုန်ဒီဇိုင်းအရောင် Shiny Matte ပုံစံဖြင့် ဖန်တီးပြုလုပ်ထားပြီး အပြာရောင်နှင့် ခရမ်းရောင်တို့၏ ပြိုင်ဘက်ကင်းရောစပ်မှုကို ရှုထောင့်မျိုးစုံမှ ကြည့်ရှုလိုက်တိုင်း အရောင်သစ်သဖွယ် မြင်တွေ့ရမည့် Magic Blue အရောင်နှင့် High-end Premium Look ကို ပေးစွမ်းနိုင်မည့် Matte Black အရောင်တို့ကို မြန်မာငွေ ၃၉၉,၉၀၀ ကျပ်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၃ ရက်အထိ Pre-order များ စတင် မှာယူနိုင်ပြီ ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်များတွင် ဝယ်ယူအားပေးနိုင်မည် ဖြစ်သည်။

OPPO ၏ ထွက်ရှိခဲ့ပြီးဖြစ်သော ပထမဦးဆုံး Flexible Dual-curved AMOLED screen ထည့်သွင်းတပ်ဆင်ထားပြီး Google OS နှင့် VOOC အမြန်အားသွင်းခြင်းစနစ်တို့ ပါဝင်သော 46mm OPPO Smart Watch ၏ အရောင်အသစ်ဖြစ်သည့် Glossy Gold အရောင်ကိုလည်း မြန်မာကျပ်ငွေ ၃၁၉,၉၀၀ ကျပ်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၃ ရက်အထိ Pre-order များ စတင်မှာယူ နိုင်မည်ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 Pro ကို Pre-order မှာယူသူများနေဖြင့် OPPO Smart Band ကို ရရှိမည်ဖြစ်ပြီး F17 Pro Pre-order Card နှင့် ဖုန်းလာရောက်ထုတ်ယူသူများကို OPPO Enco W11 ဝယ်ယူလျှင် ၁၀,၀၀၀ ကျပ် လျှော့ဈေးများ ပြုလုပ်ပေးသွားမည်ဖြစ်သည့်အပြင် Mytel SIM Card အသစ်အသုံးပြုသူများအနေဖြင့် 10GB Internet Free Data လက်ဆောင်များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

အွန်လိုင်းမှ Livestream ကြည့်ရှုအားပေးနေသော ပရိသတ်များလည်း ပါဝင်ဆင်နွှဲနိုင်သည့် အမေးအဖြေအစီအစဥ်ကို လည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး အဖြေမှန်သူများကို အသစ်စက်စက် OPPO F17 Pro ကိုလည်းကောင်း၊ 46mm OPPO Watch ကိုလည်းကောင်း၊ OPPO Enco W11 သုံးလုံးတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် OPPO ၏ Peak Viewer Challenge အစီအစဥ်အရ Livestream ကြည့်ရှုနေသော ပရိသတ်များကို ကျပ် ၆၀၀,၀၀၀ တန်ဖိုးရှိ ဖုန်းငွေဖြည့်ကတ် မဲဖောက်ခြင်းများကို ပြုလုပ်ပေးခဲ့သည်။

OPPO F17 Pro

ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 Pro တွင် 6.43-inch FHD+ Super AMOLED Display နှင့် 3.7mm Mini Dual-Punch Hole ကို Display တွင် အသုံးပြုထားသောကြောင့် ဖုန်းကြည့်ရှုရာ၌ ကျယ်ပြန့်ကြည်လင်ပြတ်သား၍ ကောင်းမွန်သော ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။ OPPO F17 Pro တွင် AI Portrait ကင်မရာ ၆ ခု ဖြစ်သော 48MP Main Camera၊ 8MP Wide Angle၊ 2MP Mono နှင့် 2MP Mono ဟူ၍ Rear Camera ၄ လုံးအပြင် 16MP Main Camera နှင့် 2MP Depth Camera ဟူ၍ Front Camera ၂ လုံးပါရှိသည်။

ထို့ပြင် 4000mAh ဘက်ထရီနှင်အတူ OPPO ၏ 30W VOOC Flash Charge 4.0 နည်းပညာကို ထည့်သွင်းပြုလုပ် ထားသောကြောင့် ၅ မိနစ်အားသွင်းရုံနှင့် ၄ နာရီကြာ ဖုန်းပြောဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင် မိနစ် ၂၀ အားသွင်းရုံဖြင့် ၅၃ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အားဖြည့်သွင်းနိုင်မည်ဖြစ်သည်။ OPPO F17 Pro တွင် စွမ်းဆောင်ရည်မြင့်မားသော MediaTek Helio P95 နှင့် အားဖြည့်ထားပြီး 8GB RAM + 128GB ROM Storage နှင့် ColorOS 7.2 ဖြင့် ပံ့ပိုးထားသည်။

OPPO F17 Pro ၏ ထူးခြားသော စွမ်းဆောင်ရည်များ

OPPO F17 Pro တွင် AI Portrait ကင်မရာ ၆ ခု အပြင် ထူးခြားစုံလင်သော ကင်မရာလုပ်ဆောင်ချက်များဖြစ်သည့် AI Color Portrait, AI Night Flare Portrait နှင့် Dual Lens Bokeh တို့ ပါဝင်လာသည့်အတွက် အကောင်းဆုံးသော လက်ရာမြောက် ပုံရိပ်များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားသော ထပ်ဆောင်းပုံရိပ်လုပ်ဆောင်ချက်များဖြစ်သည့် AI Beautification 2.0, Ultra Night Mode 2.0, Ultra Wide Angle, Slow-Motion Video နှင့် 4K Video များဖြင့်လည်း ဓာတ်ပုံနှင့် ဗီဒီယိုများကို စိတ်ကြိုက် ရိုက်ကူးပုံဖော်လာနိုင်မည်ဖြစ်သည်။

OPPO F17 Pro ၏ Super Power Saving Mode ဖြင့် ၅ ရာခိုင်နှုန်း ဘက်ထရီ ကျန်ရှိရုံနှင့် ၃၅ မိနစ် Grab သုံးခြင်း၊ ၇၀ မိနစ် ဖုန်းခေါ်ဆိုခြင်း၊ ၃၀ မိနစ် Google Map အသုံးပြုခြင်းနှင့် ၆၀ မိနစ် Viber သို့မဟုတ် Messenger အသုံးပြုခြင်းများကို ပြုလုပ် နိုင်မည်ဖြစ်သည်။ AI Night Charging စနစ်ဖြင့် ညအချိန် ဖုန်းအားဖြည့်သွင်းရာတွင် AI မှ သတ်မှတ်ထားသော မနက် နိုးထခါနီးအချိန်တွင်မှ ဘက်ထရီကို ၁၀၀ ရာခိုင်နှုန်းအထိ အားပြည့်အောင် ချိန်ညှိပြုလုပ်ပေးမည်ဖြစ်သည်။ ထို့ပြင် Anti-lag Algorithm လည်း ပါဝင်လာ၍ ဖုန်းလေးခြင်း၊ ဖုန်းဟန်းခြင်း ပြဿနာများကို ဖြေရှင်းပေးမည့်အပြင် သုံးစွဲသူများ၏ နေ့စဥ် ဘဝတွင် အဆင်ပြေလွယ်ကူစေရန်အတွက် Air Gesture လုပ်ဆောင်ချက်ပါဝင်လာသည်။ ထို့ကြောင့် ဖုန်းမျက်နှာပြင် ထိစရာမလိုဘဲ လက်မြှောက်ရုံဖြင့် ဖုန်းဖြေကြားခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး Gesture Selfie ဖြင့်လည်း Selfie ပုံရိပ်များကို လွယ်ကူစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။

OPPO Smart Watch

OPPO Smart Watch တွင် VOOC Flash Charging System ပါဝင်သောကြောင့် ၁၅ မိနစ် အားသွင်းရုံဖြင့် ၄၆ ရာခိုင်နှန်းအထိ ရောက်ရှိအောင် အားသွင်းပေးနိုင်ပြီး တစ်နေ့တာလုံး စိတ်ချစွာအသုံးပြုနိုင်မည်ဖြစ်ကာ ၇၅ မိနစ်သွင်းရုံဖြင့် ၁၀၀ ရာခိုင်နှုန်း အားအပြည့် အားသွင်းနိုင်သည်။ OPPO ၏ 46 mm Smart Watch သည် Flagship Smartphones များတွင်သာ တွေ့နိုင်သော ပထမဆုံးသော Dual-curved Display နှင့် နာရီ ဖြစ်သည်။ Aluminium နှင့် ပြုလုပ်ဖန်တီးထားကာ Google Assistant နှင့် Google Fit အထောက်အပံ့လည်း ပါဝင်သောကြောင့် သုံးစွဲသူတို့၏ ကျန်းမာရေးသာမက နေ့စဥ်ဘဝကို အကူအညီများစွာ ပေးနိုင်မည်ဖြစ်သည်။

OPPO Smart Watch ဖြင့် ဖုန်းခေါ်ဆိုမှုများကို လွယ်ကူစွာ ဖြေကြားနိုင်သည်သာမက Exercise Function များလည်း ပါဝင်သောကြောင့် သုံးစွဲသူများအတွက် အားကစား လက်တွဲဖော်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူစေရန် ဖန်တီးထားရုံသာမက မိမိ Outfit နှင့် နေရာဒေသအလိုက် တွဲဖက်၍ ဝတ်ဆင် နိုင်စေရန် Outfit-Matching AI Watch Face က ဖန်တီးပေးနိုင်သည်။ မိမိ ဝတ်ဆင်ထားသော Outfit ကို ဖုန်းနှင့် ဓာတ်ပုံ ရိုက်လိုက်ရုံဖြင့် AI Algorithm မှအလိုအလျောက် ကိုက်ညီမှုရှိသည့် ပုံကို ပြောင်းပေးသွားမည်ဖြစ်သည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top