OPPO မှ UEFA နှင့် ပူး‌ပေါင်းကာ “Inspiration Ahead” ဟူသော ရည်ရွယ်ချက်နှင့် အားကစားပွဲများ ကျင်းပရန် ကတိကဝတ်ပြုလိုက်ကြောင်း ကြေညာ

OPPOXUEFA.png

OPPO သည် UEFA မှ ကျင်းပသော UEFA Champions League၊ UEFA Super Cup၊ UEFA Futsal Champions League Final ပွဲစဥ်များနှင့် UEFA Youth League Final ပွဲစဥ်များအပြင် အခြား ပြိုင်ပွဲများစွာကို UEFA နှင့် အတူ ၂ ရာသီစာ ပူးပေါင်းလက်တွဲသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

OPPO အနေဖြင့် UEFA ၏ ၂၀၂၂ – ၂၃ ခုနှစ် ရာသီပွဲစဉ်နှင့် ၂၀၂၃ -၂၄ ခုနှစ် ရာသီပွဲစဥ်များအတွင်း အားကစားသမားများနှင့် ပရိသတ်များအကြား စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ အခိုက်အတန့်များကို ဖော်ညွှန်းပြနိုင်စေရန်နှင့် အားကစားပရိတ်သတ်များကိုယ်တိုင် မြင်တွေ့ခံစား၊ ကြားသိရပြီး ပြန်လည်ဝေမျှနိုင်စေရန် UEFA နှင့် အတူ နီးကပ်စွာ လုပ်ဆောင်သွားမည်ဖြစ်သည်။

UEFA Champions League ၏ “The Best of The Best” ဆိုသည့် ခံယူချက်သည်လည်း ကြီးမြတ်မှုကို ပိုင်ဆိုင်ရရှိဖို့ ရည်ရွယ်သော OPPO အမှတ်တံဆိပ်၏ ယုံကြည်ချက်ဖြစ်သည့် “Inspiration Ahead” နှင့် ထပ်တူညီလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ဘောလုံးအားကစား ပရိတ်သတ်များအတွက် UEFA Champions League ၏ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို OPPO မှ UEFA နှင့် အတူ လက်တွဲ မီးမောင်းထိုးပြပေးသွားမည်ဖြစ်သည်။

OPPO ၏ Global Marketing မှ President ဖြစ်သူ Mr. William Liu က “ကျွန်တော်တို့အနေနဲ့ UEFA နဲ့ ပူးပေါင်းပြီး UEFA ပြိုင်ပွဲစဥ်ကာလ အတောအတွင်းမှာလဲ ဘောလုံးပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားတက်ကြွစေဖို့ အတူလက်တွဲ လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ OPPO အနေနဲ့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့အတွက် ဆန်းသစ်တီထွင်မှုရဲ့ စွမ်းအားကို ယုံကြည်တဲ့အပြင် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းချင်တဲ့ UEFA ရဲ့ ဆန္ဒနဲ့လဲ တသားတည်းကျတာဖြစ်တဲ့အတွက် အခုလို ပြီးပြည့်စုံတဲ့ လက်တွဲမှုကို ဖြစ်ပေါ်လာစေတာပါ” ဟု ပြောကြားခဲ့သည်။

“ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ UEFA Champions League မှာ UEFA Sponsor မိသားစုထဲ OPPO ပါဝင်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ OPPO ဟာ မိုဘိုင်းဖုန်းဆိုင်ရာ နည်းပညာမှာ ကမ္ဘာ့ထိပ်တန်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘောလုံးပရိတ်သတ်တွေကို ဆက်သွယ်ဖို့နဲ့ စိတ်လှုပ်ရှားတက်ကြွစေဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို အဆင့်မြင့်သွားဖို့ရှိပါတယ်” ဟု UEFA ၏ Marketing Director ဖြစ်သူ Mr. Guy-Laurent Epstein က ထပ်လောင်းအတည်ပြု ပြောကြားသွားခဲ့သည်။

ပူးပေါင်းလက်တွဲမှုအနေဖြင့် OPPO သည် UEFA Champions League ၏ ကစားပွဲများတွင် ကစားကွင်းပတ်လည်ရှိ Broadcast နောက်ခံကြော်ငြာနေရာများ အပါအဝင် ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာများတွင် သိသာထင်ရှားစွာ ဖော်ပြ ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင် OPPO မှ ဘောလုံးပရိတ်သတ်များအတွက် UEFA Champions League ရာသီ တစ်လျှောက် ကွင်းဘေးသို့ ဝင်ရောက်ကာ အရေးပါသည့် အခိုက်အတန့်များကို OPPO စမတ်ဖုန်းများဖြင့် ဖမ်းယူ ရိုက်ကူးစေနိုင်မည့် အခွင့်အရေးလဲ ဖန်တီးပေးမည်ဖြစ်သည်။ ပွဲစဥ်များအတွင်း ဖမ်းယူရိုက်ကူးထားသည့် စိတ်လှုပ်ရှားတက်ကြွစရာ အခိုက်အတန့်များကို UEFA Champions League ဝက်ဘ်ဆိုက်ရှိ OPPO Gallery ဓာတ်ပုံပြခန်းနှင့် OPPO UEFA Champions League Landing page တို့တွင် မျှဝေပေးသွားမည်ဖြစ်သည်။

ယခု ပူးပေါင်းမှုတွင် OPPO အမှတ်တံဆိပ် ပစ္စည်းများဖြစ်သည့် Find နှင့် Reno မိုဘိုင်းဖုန်း Series ဖြစ်သည့် NPU နှင့် MariSilicon X ဖုန်းအပြင် မကြာမီ အသစ်ထွက်ရှိလာမည့် OPPO IoT ကုန်ပစ္စည်းများဖြစ်သော OPPO နားကြပ်များနှင့် OPPO Smart Watch တို့ကို အဓိကထား ထည့်သွင်းပြသသွားမည်ဖြစ်သည်။ ထို ကုန်ပစ္စည်းများသည် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပရိတ်သတ်များကို UEFA Champions League ပွဲစဥ်များ၏ ဆန်းသစ်သည့် ခံစားမှုအတွေ့အကြုံအသစ်များ ရရှိခံစားစေရန် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

ဤပူးပေါင်းလက်တွဲမှု အသစ်သည် OPPO ၏ ရှိရင်းစွဲ အားကစားဆိုင်ရာ ပူးပေါင်းမှုများနှင့် အားကစားမှ တစ်ဆင့် အသုံးပြုသူများကို စေ့စပ်တွေ့ဆုံစေပြီး စိတ်ဝင်စားစေမည့် ရည်မှန်းချက်များကို ပိုမိုကျယ်ပြန့်လာစေသည်။ OPPO သည် Wimbledon တင်းနစ်ပွဲစဥ်များနှင့် Roland-Garros တင်းနစ်ပွဲစဥ်များတွင် ပူး‌ပေါင်းလက်တွဲလာသည်မှာ ၄ နှစ် ထဲသို့ ဝင်လာခဲ့ပြီဖြစ်ပြီး International Cricket Council (ICC) ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလက်တွဲဖော်လည်း ဖြစ်သည်။ OPPO မှ မတူညီသော အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကွဲပြားသော နေရာ‌ဒေသအရပ်ရပ်နှင့် ယဥ်ကျေးမှုများ ကျင့်သုံးနေကြသည့် သုံးစွဲသူများအပေါ် လေးစားသမှုကို ပြသရန်နှင့် ကမ္ဘာအရပ်ရပ်မှ အသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် OPPO မှ မျှော်လင့်ထားသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top