Sole ထဲမှာ ဘီယာရည် ထည့်ထားတဲ့ Heinekicks ဖိနပ်

9-8-2022-yyl09.jpg

ဒတ်ချ်ဘီယာကုမ္ပဏီ Heineken က လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် The Shoe Surgeon ဖိနပ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အောက်ခံခြေနင်းပြားမှာ ဘီယာထည့်ထားတဲ့ ဖိနပ်ကို ထုတ်လုပ်ခဲ့ပါတယ်။ Heineken က သူတို့ရဲ့ ထုတ်ကုန်သစ် Heineken Silver ထွက်ရှိတဲ့ အထိမ်းအမှတ်အဖြစ် Heinekicks ဖိနပ်ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး အောက်ခံခြေနင်းမှာ Heineken Silver ဘီယာရည် ထည့်သွင်းထားတာပါ။

ဖိနပ်မှာ ဘီယာဖောက်တံ ထည့်သွင်းလို့ရတဲ့ အိတ်ကပ်ငယ်လေးလည်း ထည့်သွင်းထားပါတယ်။ Heinekicks ဖိနပ်ကို တစ်ကမ္ဘာလုံးမှာ ၃၂ ရံပဲ ထုတ်လုပ်တာဖြစ်ပြီး စင်ကာပူနိုင်ငံမှာတော့ သြဂုတ်လ ၁ ရက်နေ့ကစပြီး Limited Edition Vault ဖိနပ်စတိုးမှာ ပြသသွားမှာ ဖြစ်ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top