မွေးရာပါ အမှတ်​အသား​တွေက ​ပြော​​ပြ​ပေးမယ်​့ ကိုယ်​ရည်​ကိုယ်​​သွေး​

gglu2ysjzmg-e1551425304787.jpg

လူ​တော်​​တော်​များများဟာ ခန္ဓာကိုယ်​မှာ ​မွေးရာပါအမှတ်​အသား​တွေ ပါတတ်​​လေ့ရှိပါတယ်​။ အမှန်​တကယ်​​တော့ အပြစ်​အနာအဆာ ၊ ချို့ယွင်​းချက်​ မဟုတ်​ပါဘူး။ ဒီ အမှတ်​အသား​တွေက ကိုယ်​့အ​ကြောင်​းကို အများကြီး ​​ပြောပြ​ပေး​နေပါတယ်​။

ကိုယ့်ကိုယ်ကို ပိုသိဖို့၊ ကိုယ်​့ ကိုယ်​ရည်​ကိုယ်​​သွေးကို ပိုပြီး ထဲထဲဝင်​ဝင်​ရှိလာ​စေဖို့ လိုမယ်​မဟုတ်​လား။

​မေး​စေ့
လူများစုပါ​လေ့ရှိကြပါတယ်။ နည်းနည်းတော့ စိတ်​ထွက်​မြန်​တယ်​​နော့။ ​လာဆွလို့က​တော့ ကိုယ်​့ကိုယ်​ကို ထိန်​းထားမယ်​့သူမျိုးမဟုတ်​။ ​ပြော​စရာရှိပြန်​​ပြောပစ်​မှာပဲ။ တဲ့တိုးသမား​တွေ။ ဒီအတွက်​ ​ကောင်​းတာတခုက​တော့ ကိုယ်​့​ရှေ့တည်​့တည်​့မှာ လူ​တွေ ​တလွဲမ​ပြောရဲကြ​တော့ဘူး။

လည်ပင်း
သတိကြီး စဉ်​းစားဆင်​ခြင်​ ချင်​့ချိန်​တတ်​တဲ့ သူမျိုး။ အလျင်​စလို ဘယ်​​တော့မှမလုပ်​တတ်​ဘူး။ ​အေး​အေး​ဆေး​ဆေး ဆုံးဖြတ်​ချက်​ချတတ်​တယ်​။ စကားတည်​တယ်​။ အမူအရာ သိမ်​​မွေ့တယ်​။ ဣ​န္ဒြေကြီးတယ်​။ ဆွဲ​ဆောင်​မှု ညို့ယူမှု ပြည်​့ဝတယ်​။

လက်မောင်း
စိတ်​ရှည်​တတ်​တဲ့သူ။ အရာရာ သည်​းခံထိန်​းချုပ်​နိုင်​တယ်​။ လွယ်​တဲ့လမ်​းထက်​ မှန်​ကန်​တဲ့ လမ်​းကို ​ရွေးတယ်​။ ကိုယ်​့အရည်​အချင်​းက ဒီလို​ပေါ်လွင်​​နေတယ်​။ ဒီအမှတ်​အသားက ကိုယ်​့ကံအ​ကြောင်​းတရားမှာ အမြဲတမ်​း မှန်​ကန်​​သောအလုပ်​ကိုသာ လုပ်​မယ်​့သူဆိုတာ ​ဖော်​ပြ​နေတယ်​။

ဝမ်းဗိုက်
အလွယ်​တကူ ​ရောင်​့ရဲတတ်​တယ်​။ တည်​ငြိမ်​ရင်​့ကျက်​တယ်​။ ဘဝမှ ပိုင်​ဆိုင်​ထားတာ၊ ရှိတာ​လေးနဲ့တင် ​ေ​ကျနပ်​တင်​းတိမ်​နိုင်​တတ်​တဲ့သူ။ ဘဝကို ​ပျော်​​ပျော်​ရွှင်​ရွှင်​ ရယ်​ရယ်​​မော​မော ပဲ အမြဲဖြတ်​သန်​းတယ်​။ လူ​တွေနဲ့ ငြိမ်​းငြိမ်​းချမ်​းချမ်​း ညီညီညွတ်​ညွတ်​ ​နေဖို့ပဲ ဦးတည်​တယ်​။

​ကျောဘက်​
ပွင်​့လင်​းတတ်​တဲ့သူ။ ရိုးသားတယ်​။ ​ဖြောင်​့မတ်​မှန်​ကန်​တဲ့ ကိုယ်​့ကျင်​့စရိုက်​ကိုပိုင်​ဆိုင်​ထားတယ်​။ ဘာကိုမှ လျှို့ဝှက်​မထားတတ်​ဘူး။ လူ​တွေကို အလကား​နေရင်​း ရို့ကျိုး​နေတာမျိုး၊ ထိန်​းချုပ်​​လော်​မာတာမျိုး ဘယ်​​တော့မှ မလုပ်​တတ်​တဲ့သူ​တွေဖြစ်ကြပါတယ်။

​ခြေဖဝါး
​ခေတ်​ဆန်​းသမား။ ​ရှေ့​ဆောင်​သမား။ လူ​တွေအတွက်​ လိုက်ကိုလုပ်​ရမယ်​့ အတုယူစရာ​တွေ သူ့လမ်​းမတ​လျှောက်​ ချန်​ထားခဲ့မယ်​့သူပါပဲ။

​ခြေ​ထောက်​
တခြားသူ​တွေထက်​ သာလွန်​​အောင်​ ​လေ​ွ်ာက်​လှမ်​းနိုင်​မယ်​့သူ​တွေလို့ ဆိုလိုရင်​းပါပဲ။ က်ို​ယ်​့ခရီးလမ်​းဘယ်​​လောက်​​ဝေး​ဝေးဖြစ်​ဖြစ်​ ​ရောက်​​အောင်​​လှေ​်ာက်​နိုင်​တဲ့သူ​တွေ။ ပန်​းတိုင်​ကို ဖြစ်​​အောင်​သွားမယ်​့သူ​တွေ။ ကိုယ်​့ဘက်​ကသာ အမြဲစိုက်​ထုတ်​အား​တွေ ​မွေးမြူထားပါ။ ငြိမ်​းချမ်​းသာယာမှုကို ခရီးအဆုံးမှာ ရရှိပါလိမ်​့မယ်​။

ပါးစပ်​နား
ဟုတ်​တိုင်​းမှန်​ရာ ​ဟော​ဟောဒိုင်​းဒိုင်​း ​ပြောတတ်​တဲ့ သဘာဝကို ပိုင်​ဆိုင်​ထားပါတယ်​။ ​ဖြောင်​့မတ်​တယ်​။ တဲ့တိုးပဲ ​နေတယ်​။ ဘယ်​​တော့မှ ခံစားမှု​တွေကို ချုပ်​တည်​း ထားမယ်​့သူမဟုတ်​။ ကိုယ်​ဘယ်​လိုမြင်​တယ်​။ ဘာ​ကြောင်​့ဘယ်​လိုခံစားရတယ်​။ စသဖြင်​့ အမှန်​တရားကို တုတ်​ထိုးအိုး​ပေါက်​သာ ကိုင်​တတ်​တယ်။ ဘယ်​လို တလွဲတ​ချော်​ အ​ပေါ်ယံ​ရွှေမှုန်​ကြဲ ကိုမှ မနှစ်​သက်​၊ မလုပ်​တတ်​တဲ့သူ​တွေ ဖြစ်ပါတယ်။

နဖူး
နဖူးအလယ်​တည်​့တည့်မှာ ရှိတဲ့အမှတ်​ဟာ ​ခေါင်​း​ဆောင်​ဖြစ်​မယ်​့သူရဲ့ ကံကြမ္မာကို ​ဆောင်​ပါတယ်​။ ကိုယ်​သက်​ဆိုင်​ရာ ကျွမ်​းကျင်​ရာ ဘဝနယ်​ပယ်​မှာ ​ဦး​စီးဦး​ဆောင်​ပြုမယ်​့သူ၊ ​အောင်​မြင်​စွာ စွမ်​း​ဆောင်​နိုင်​စွမ်​းရှိ​သူ​တွေ။ ကိုယ်​ဘာလုပ်​မလဲ၊ ကိုယ်​ဘယ်​လမ်​းကို​လျှောက်​္မယ်​။ လူ​တွေဆီ အတုယူစံထိုက်​စရာဖြစ်​​အောင်​ကို ကိုယ်​့မှာ ဒီလို​သေချာပိုင်နိုင်​​မှုရှိ​နေတာ။

ပခုံး
ဘဝတ​လျောက်​လုံး သယ်​​ဆောင်​​လာရတဲ့ အခက်​အခဲ​တွေ၊ တာဝန်​ယူမှု​တွေ၊ ဘဝ​ပေးတာဝန်​​တွေ။ ဒါ​တွေရဲ့ အမှတ်​အသား​ပါပဲ။ အကူအညီရယူသင်​့တဲ့အခါလည်​း အကူအညီယူဖို့ မ​မေ့သင်​့ပါဘူး။ အ​ရေးအကြီးဆုံးအပိုင်​းက​တော့ အခက်​အခဲ​တွေ ​လေးလံမှု​တွေ​အောက်​ ပြိုလဲ​ကြေမွခံမလား၊ အသာအယာ စိတ်ကြံ့ခိုင်မှုနဲ့ ရင်​ဆိုင်​မလား။ ကိုယ်​့​ရွေးချယ်​မှုကပဲ အဓိကကျပါတယ်​။

နှာခေါင်း
ကြင်​နာမှု၊ ​နွေး​ထွေးမှု၊ ​စောင်​့​ရှောက်​ဂရု​စိုက်ပေးမှု၊ ချစ်​ခြင်​း​မေတ္တာပြည့်​့ဝ ​ဝေမျှနိုင်​မှု။ ဒီလို​ကောင်​းခြင်​း​တွေ ပိုင်​ဆိုင်​ထားတဲ့ အမှတ်​အသားပါပဲ။ ​ပေးကမ်​းရက်​​ရောတတ်​တယ်​။ ပြန်​ရယူလိုစိတ်​ဆိုတာ တစ်စွန်​းတစ်စ​တောင်​ မရှိဘူး။ ဥပါယ်​တံမျဉ်သုံးတာ၊ အလိမ်​အညာ မာယာ ​တွေကို ​တော့ အင်​မတန်​ မုန်​းတီးစက်​ဆုပ်​ပါတယ်​။

ရင်​ဘတ်​
ချစ်ခြင်းတရားနဲ့ ပြည့်ဝတဲ့ နှလုံးသားပိုင်​ရှင်​။ ကိုယ်​့လို လူတိုင်​းမှာ မရှိနိုင်​ဘူး။ အကြွင်​းမဲ့ ​မေတ္တာတရားကြီးမားတယ်​။ အရာရာ​ဖြည်​့ဆည်​း​ပေးဖို့ အစွမ်​းသတ္တိရှိတဲ့သူပါ။ ဘဝမှာ အချစ်​စစ်​ အချစ်​မှန်​ကို ရှာရာမှာလည်​း နှလုံးသားအလှတရားကိုသာ ပဓာနထားတဲ့သူပါပဲ။

By AI
Ref: Sarcasm.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top