မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာအရပ်တိုင်းကြည့်ရင် အရပ်အမြင့်တူညီကြလား

yyl11919040.jpg

စာဖတ်ပရိသတ်တွေ ယုံမယုံတော့ မသိဘူးနော်။ မနက်ခင်းစောစောမှာ သင့်အရပ်အမြင့်ကို တိုင်းကြည့်ဖူးကြလား။ ဒါမှမဟုတ် ညနေပိုင်းကော တိုင်းကြည့်ဖူးကြလား။ မတိုင်းကြည့်ဖူးရင်တော့ မနက်စောစောတစ်ခါ၊ ညနေပိုင်းတစ်ခါ သင့်အရပ်အမြင့်ကို တိုင်းကြည့်သင့်တယ်နော်။

သင် တိုင်းကြည့်မယ်ဆိုရင် သင့်အရပ်အမြင့်က ညနေပိုင်းထက်မနက်ပိုင်းမှာ ပိုရှည်တာကို တွေရမယ်လို့ သုတေသိတွေကဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်က မနက်ခင်းနဲ့ ညနေပိုင်းတွေမှာ မတူကွဲပြားစွာနဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရတဲ့အတွက်ကြောင့်ပါ။ ကျွန်တော်တို့တွေက တစ်နေ့တာလှုပ်ရှားမှုတွေကို လုပ်ဆောင်ရတဲ့အတောအတွင်းမှာ ကျွန်တော်တို့ဒူးခေါင်းက အရိုးနုနဲ့ အခြားအစိတ်အပိုင်းတွေက တဖြည်းဖြည်းနဲ့ ကျုံ့လာပါတယ်။

တစ်ခြားတစ်ဖက်က ကြည့်ရင် ကျွန်တော်တို့ အိပ်စက်တဲ့အချိန်မှာ ကျွန်တော်တို့ခန္ဓာကိုယ်က လုံးဝကို အနားယူလိုက်ရပြီး ဘာမှမလုပ်ဆောင်ရတာကြောင့် ကျွန်တော်တို့ဒူးခေါင်းက အရိုးနုက နဂိုပုံစံအတိုင်းဖြစ်လာပါတယ်။ ဒါက မနက်ခင်းပိုင်းမှာ ပိုပြီးအရပ်ရှည်ရတဲ့ အကြောင်းအရင်းထဲကတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ညနေပိုင်းထက် မနက်ခင်းပိုင်းမှာ (၁) စင်တီမီတာလောက်ပဲ အရပ်ပိုရှည်တာပါ။

ညနေပိုင်းထက် မနက်ပိုင်းမှာ အရပ်ပိုရှည်ရခြင်း နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိပါတယ်။ ကျောရိုးနဗ်ကြောကလည်း အဲဒီဖြစ်စဉ်အတွက် အဓိကအခန်းကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ကျောရိုးနဗ်ကြောမှာ တစ်ခုနဲ့တစ်ခု ကွာဟနေတဲ့ ကျောရိုးအဆစ် (၃၃)ခုရှိပါတယ်။ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေ လုပ်နိုင်တဲ့ ကျောရိုးအဆစ်တွေပါပဲ။ ကျောရိုးအဆစ်ကိုမှ သားအိမ်နဲ့ဆိုင်သောအပိုင်း၊ကျောနဲ့ဆိုင်သောအပိုင်း၊ခါးပိုင်း၊ မြီးညောင်းရိုးဆိုပြီး နောက်ထပ် အပိုင်း (၅) ပိုင်းခွဲခြားထားပါတယ်။

ကျောရိုးအဆစ်ကြားမှာ နူးညံ့တဲ့အပိုင်းတွေရှိပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကျွန်တော်တို့ခန္ဓာကိုယ်က အနားယူလိုက်ရတဲ့အတွက် ကျောရိုးအဆစ်မှာရှိတဲ့ အပိုင်းတွေက ဆန့်ထွက်လာပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အရပ်က မနက်ခင်းမှာ (၁) စင်တီမီတာတိုးလာပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့ အိပ်ရာထတဲ့အခါ ခန္ဓာကိုယ်ကပြန်လှုပ်ရှားရပြီး ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အလေးချိန်ကြောင့်ပဲ ကျောရိုးအဆစ်ကြားက နူးညံ့တဲ့အပိုင်းကို ကျုံ့သွားစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အရပ်က ညနေပိုင်းမှာ (၁) စင်တီမီတာလောက် လျော့ကျသွားတာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: mindblowing-facts.org “You are About 1 Centimeter Taller in the Morning than in the Evening”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top