နှစ် ၂၀ ကျော် ခန္ဓာကိုယ် အကြောသေခဲ့သူ အမျိုးသမီး အူဒရေးခရူဟာ အီလွန်မက်စ်ရဲ့ Neuralink ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဦးနှောက်ချစ်ပ်ပြားကို ပထမဆုံး စတင်ထည့်သွင်းခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။ အူဒရေးခရူဟာ သူ့အတွေးမှတစ်ဆင့် လက်ပ်တော့မှာ သူ့နာမည်ကို ရေးသားပြခဲ့လို့ အွန်လိုင်း အသုံးပြုသူတွေကို အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ ဒါဟာ နှစ် ၂၀ ကျော်အတွင်း သူ့အတွက် ပထမဆုံး စာရေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။
မတ်စေ့တစ်စေ့သာ အရွယ်အစားရှိတဲ့ ဦးနှောက်ချစ်ပ်ပြားမှာ ကြိုးမျှင် ၁၂၈ ချောင်းပါဝင်ပြီး ခွဲစိတ်မှုလုပ်ရာမှာ ခန္ဓာကိုယ်ကြွက်သား လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားတဲ့ motor cortex အတွင်း ထည့်သွင်းပေးခဲ့တာပါ။

Neuralink ဦးနှောက်ချစ်ပ်ပြားဟာ ဦးနှောက်ရဲ့အချက်ပြမှုတွေကို ဖတ်နိုင်ပြီး စက်အကူအညီရယူကာ ပြန်လည်ဖော်ပြနိုင်အောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
Neuralink ကုမ္ပဏီဟာ လက်ရှိအချိန်အထိ လူနာ ၉ ဦးအထိ စမ်းသပ်ထားပြီး ၂၀၂၅ ခုနှစ်အကုန်မှာ လူနာ ၂၀ ကနေ ၃၀ ကြား စမ်းသပ်အသုံးပြုသွားနိုင်ဖို့ ပစ်မှတ်ထား လုပ်ဆောင်လျက် ရှိပါတယ်။
Ref: Paralysed woman writes her name after 20 years, thanks to Elon Musk’s brain chip
NZ ( ရိုးရာလေး)

