သမ္မတသက်တော်စောင့်တွေ သုံးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးထီးတစ်မျိုး

10.12.2024-yyl-၁၅.png

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ထီးအမျိုးအစား တစ်မျိုးဖြစ်ပြီး တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ ထီးကတော့ ပြင်သစ်နိုင်ငံထုတ် ParaPactum ထီးပါပဲ။ အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှု၊ စမ်းသပ်မှုပေါင်းများစွာ လုပ်ထားတဲ့ အဲဒီထီးဟာ တုတ်နဲ့ရိုက်တာ၊ ဓားနဲ့ထိုးတာ၊ ဓာတုဆေးရည်နဲ့ တိုက်ခိုက်တာ အစရှိတဲ့ တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်ပေးနိုင်စွမ်းရှိပြီး ၂၀၁၁ ခုနှစ်ကတည်းက ပြင်သစ်သမ္မတ နီကိုလက်စ်ဆာကိုဇီရဲ့ သက်တော်စောင့်အဖွဲ့တွေ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ထီးတစ်ချောင်းကို ၄.၈ ပေါင် လေးလံပြီး ထီးတစ်ချောင်းတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၇၀၀၀ လောက် ရှိပါတယ်။ ဆန္ဒပြသူတွေကြား သွားလာတဲ့အခါ လူအုပ်တိုးတဲ့ဒဏ်ကို ပြန်ကန်ပေးထားနိုင်စွမ်းရှိပြီး လေအားပြင်းဥမင်ထဲမှာ စမ်းသပ်မှုအရ လေတိုက်နှုန်း တစ်နာရီ ၁၂၄ မိုင်နှုန်းအထိ တောင့်ခံပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ ယန်းပါရီနဲ့ ချားစ်ယွန်လို့ အမည်ရသူနှစ်ဦးက တီထွင်ဖန်တီးခဲ့ကြတာပါ။

Ref: Parapactum Umbrella
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top