ပါရီလေယာဉ်ပြပွဲမှာ လေယာဉ်သစ်တွေအတွက် အော်ဒါမှာယူမှု တစ်ခုမျှမရခဲ့တဲ့ ဘိုးရင်းကုမ္ပဏီ

64778538_2438796329484606_6630818842278887424_n.jpg

ပြင်သစ်နိုင်ငံ ပဲရီမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာလေယာဉ်ပြပွဲ ပထမဆုံးနေ့မှာ ဘိုးရင်းကုမ္ပဏီက လေယာဉ်သစ်တွေအတွက် အော်ဒါမှာယူမှုတစ်ခုမျှ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့တနင်္လာနေ့က ပဲရစ်မြို့ရဲ့ လီဘော်ဂတ်လေဆိပ်မှာ ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် နိုင်ငံတကာလေယာဉ်ပြပွဲမှာ Airbus ကုမ္ပဏီက A321 မော်ဒယ် လေယာဉ်သစ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပြီး အော်ဒါမှာယူမှု ၁၀၀ ရရှိခဲ့ပေမဲ့ ဘိုးရင်းကုမ္ပဏီကတော့ လေယာဉ်မော်ဒယ်သစ်တွေအတွက် အော်ဒါမှာယူမှု တစ်ခုမျှမရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားလေကြောင်းလိုင်း လေယာဉ်နဲ့ ပြီးခဲ့တဲ့မတ်လက ပျက်ကျခဲ့တဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း လေယာဉ်တွေဟာ ဘိုးရင်းကုမ္ပဏီက နောက်ဆုံးထုတ်လုပ်ထားတဲ့ 737 Max8 လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ အခုချိန်မှာ Max8 နဲ့ Max9 လေယာဉ်တွေကို ပျံသန်းခွင့်ပိတ်ပင်ထားပါတယ်။

Airbus ကုမ္ပဏီက မိတ်ဆက်ခဲ့တဲ့ A321XRL လေယာဉ်ဟာ သူ့အရင်မော်ဒယ်ဖြစ်တဲ့ A321LR လေယာဉ်ထက် အကွာအဝေး ပိုပျံသန်းနိုင်ပြီး အလေးချိန် ပိုမိုတင်ဆောင်နိုင်ပါတယ်။ A321XRL လေယာဉ်တွေကို ၂၀၂၃ ခုနှစ်မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး အိန္ဒိယကနေ ဥရောပ၊ တရုတ်နိုင်ငံကနေ သြစတြေးလျ စတဲ့ လမ်းကြောင်းသစ်တွေ ပြေးဆွဲနိုင်ဖို့ရှိပြီး ဥရောပနဲ့ အမေရိကတိုက်ကြား မရပ်မနားပျံသန်းမယ့် တိုက်ရိုက်ခရီးစဉ်တွေလည်း ပြေးဆွဲနိုင်ဖို့ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top