ဖက်ရှင်ရှိုးပွဲမှာ သားမွေးဘောလုံးလို ဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့ မော်ဒယ် လျှောက်လမ်းပျောက်ခဲ့ရ

4.10.23-yyl-4.jpg

မကြာသေးခင်က Paris Fashion Week အတွင်း မော်ဒယ်တစ်ဦးက ရှိုးရောက်ရင်း လျှောက်လမ်းပျောက်ပြီး ပွဲကြည့်ပရိသတ်တွေကို တိုက်မိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးရဲ့ဗီဒီယိုဖိုင်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီမော်ဒယ်က ကြီးမားတဲ့သားမွေးဘောလုံးလို ထင်ရတဲ့ ဝတ်စုံကို ဝတ်ဆင်ထားခဲ့တာပါ။ အဲဒီဝတ်စုံကြောင့် လျှောက်လှမ်းပျောက်ပြီး ရှေ့တန်းက ပွဲကြည့်ပရိသတ်တွေကို တိုက်မိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အဆိုတော် ဆမ်စမစ်လည်း သီဆိုဖျော်ဖြေနေခဲ့ပြီး မော်ဒယ်က သူ့ကို တိုက်မိလုနီးပါးဖြစ်ခဲ့ပါသေးတယ်။ အဲဒီမော်ဒယ်လည်း ဝတ်စုံကြောင့် လဲကျခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က နာမည်ကြီးဒီဇိုင်နာ ခရစ်ရှန် ကိုဝမ်ရဲ့ Ready to Wear Spring 2024 show အတွင်း ဖြစ်ခဲ့တာပါ။ ဒီမြင်ကွင်းက ရှိုးပွဲအတွင်းသာမက လူမှုကွန်ယက်ပေါ်မှာလည်း ရယ်စရာဖြစ်စေခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Paris Fashion Week: Model Dressed As A Fur Ball Gets Lost On Runway, Video Will Make You Laugh

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top