ထိုင်းဈေးဝယ်စင်တာပစ်ခတ်မှုမှာ မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦး သေဆုံး

4.10.23-yyl-12.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ နာမည်ကျော် ဈေးဝယ်စင်တာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ စင်တာမှာ အလုပ်လုပ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၃ ရက် ညနေပိုင်းက Siam Paragon ဈေးဝယ်စင်တာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာတော့ အသက် ၁၄ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သံသယရှိသူဟာ ဈေးဝယ်စင်တာနားက ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားဖြစ်ပြီး စိတ်ကျန်းမာရေးကုသမှု ခံယူခဲ့ရဖူးသူပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဆေးမသောက်တော့ဘူးလို့ ထိုင်းရဲမှူးချုပ် ဆူကီမိုက ပြောပါတယ်။ သံသယရှိသူက ဘာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ သူ့ကို ပါသမ်ဝမ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

” သူ့ကိုယ်ပွားနောက်တစ်ယောက်က သေနတ်နဲ့ပစ်ဖို့ ပြောလို့ သူ ပစ်လိုက်တာပါဆိုပြီး ပြောထားတယ်” လို့ ထိုင်းရဲမှူး ဆူကီမိုက ဆိုပါတယ်။
ဒီပစ်ခတ်မှုမှာ တရုတ်နိုင်ငံသားတစ်ဦး၊ လာအိုနိုင်ငံသားတစ်ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Ref: Bangkok: Two dead and 14-year-old held over Siam Paragon mall shooting

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top