ပဲရစ်မြို့ နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် စွန့်ပစ်အမှိုက်ကနေ ထိုင်ခုံ ၁၁၀၀၀ ထုတ်လုပ်

15.7.23-yyl-1.jpg

၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပမယ့် ပဲရစ်မြို့မှာ ထိုင်ခုံ ၁၁၀၀၀ ကို စွန့်ပစ်ပလစ်စတစ်အမှိုက်တွေကနေ ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ ပလတ်စတစ်ထိုင်ခုံတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပလတ်စတစ် ကုဗတန်ချိန် ၁၀၀ အနက် ၈၀ ရာခိုင်နှုန်းကို ပဲရစ်မြို့ရဲ့ ရပ်ကွက်တစ်ခုတည်းကနေ ရရှိခဲ့တာဖြစ်ပြီး Le Pavé ဆိုတဲ့ ကုမ္ပဏီက စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို ထိုင်ခုံထုတ်လုပ်ပေးခဲ့တာပါ။

စွန့်ပစ်အမှိုက်ကနေ ပြန်လည်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်ထိုင်ခုံတွေကို ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်မှု၊ မီးလောင်ဒဏ် ခံနိုင်မှု၊ အဆိပ်သင့်မှု ရှိ၊ မရှိ စတဲ့ စမ်းသပ်မှုအများအပြား လုပ်ခဲ့ပြီး အရက်မူးနေတဲ့ ပရိသတ်တွေကနေ ထိုင်ခုံတွေ ဆွဲဖြုတ်နိုင်တာကြောင့် ကုတ်အား ကောင်း၊ မကောင်း စမ်းသပ်မှုတွေလည်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ပဲရစ်မြို့နဲ့ ပြင်သစ်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရေး ပစ်မှတ်ထား လုပ်ဆောင်နေကြပြီး ၂၀၁၂၊ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တစ်ဝက်လျှော့ချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Ref: Paris Olympics Gets 11,000 Stadium Seats Made of Recycled City Plastic

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top