နယူးဇီလန်နိုင်ငံမှာ မီးတောင်ပေါက်ကွဲလို့ လူ (၅) ဦးသေဆုံး (၈) ဦးပျောက်ဆုံးနေ

yyl-001-4.jpg

တနင်္လာနေ့ (ဒီဇင်ဘာလ ၉) က နယူးဇီလန်နိုင်ငံရဲ့ White Island ကျွန်းမှာ မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူ (၅) ဦး သေဆုံးပြီး (၈) ဦး ပျောက်ဆုံးနေတယ်လို့ နယူးဇီလန်ရဲဌာနအရ သိရပါတယ်။

မီးတောင်ပေါက်ကွဲတဲ့အချိန်မှာ လူ (၄၇) ဦးက ကျွန်းပေါ်မှာရှိနေခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ ပျောက်ဆုံးနေသူတွေထဲမှာ နယူးဇီလန်၊ သြစတြေးလျ၊ US၊ UK၊ တရုတ်၊ မလေးရှားနိုင်ငံက နိုင်ငံသားတွေပါဝင်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Arden) ကပြောပါတယ်။ လက်ရှိမှာတော့ (၃၁) ဦးက ဆေးကုသမှုခံယူနေရပါတယ်။ သေဆုံးခဲ့တဲ့လူ (၅) ဦးက သြစတြေးလျလူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်ရတဲ့သူတွေဆုံးရှုံးလိုက်ရတဲ့သူတွေအတွက် ပြောမပြတတ်လောက်အောင် ဝမ်းနည်းပူဆွေးရကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုမှာ အသက်ရှင်နေတဲ့သူတွေကို ကျွန်းပေါ်ကနေ လှေ၊ ရဟတ်ယာဉ်တို့နဲ့ ကယ်ဆယ်ခဲ့ရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မီးတောင်အပေါ်မှာ အခိုးအငွေ့၊ပြာတွေ ဆက်လက်ထွက်ရှိနေတဲ့အတွက် အန္တရာယ်များတဲ့အခြေအနေ ဖြစ်နေဆဲဖြစ်ပြီး အဲဒီနေရာကို ရှာဖွေဖို့ မတတ်နိုင်ဖြစ်နေပါတယ်။

မီးတောင်မပေါက်ကွဲခင်က ခရီးသွားဧည့်သည်တွေက White Island မီးတောင်ဝအထိ သွားရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ White Island က နယူးဇီလန်နိုင်ငံရဲ့ မီးတောင်ရှင်ဖြစ်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။

Ref: BBC “New Zealand volcano: Five dead and eight missing after eruption”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top