IU ရဲ့ ဖျော်ဖြေပွဲကို လာရောက် အားပေးတဲ့ Song-Song စုံတွဲ

ae2138e1a05248d4b88ca65ae572cb1f.png

IU က ကိုရီးယားအနုပညာရှင်တွေကြားမှာလည်း ကျော်ကြားတဲ့ ကြယ်တစ်ပွင့်ဖြစ်တာကြောင့် ညားခါစ Song-Song စုံတွဲကတောင်မှ ညဘက် ဒိတ်လုပ်တဲ့ အနေနဲ့  သူမပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့ည Jamsil မိုးလုံလေလုံကွင်းမှာ Song-Song စုံတွဲဟာ ပရိသတ်တွေ ထိုင်နေတဲ့ ထိုင်ခုံဘက်ခြမ်း လမ်းလျှောက်ဝင်လာပြီး ထိုင်ခုံမှာ ဝင်ထိုင်သွားကြတဲ့ Song-Song စုံတွဲတွေကို မြင်ချိန်မှာ ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ မကြာသေးခင်ကမှ သူ့ဇနီးက IU ရဲ့သီချင်းတွေကို ကြိုက်နှစ်သက်ကြောင်း ဆောင်ဂျွန်ကီက ပြောခဲ့ပေမယ့် ဒီလိုမျိုး သူတို့ ၂ ယောက်လုံးကို ဖျော်ဖြေပွဲမှာ တွေ့လိုက်ရတာက ပရိသတ်တွေအတွက် အံ့ဩစရာပါ။

နှစ်ယောက်လုံးက IU သီချင်းတွေကိုအားပေးတဲ့အနေနဲ့ လိုက်ဆိုကြတာကို တွေ့လိုက်တဲ့ လူလည်းရှိပါတယ်။ နောက်ပိုင်းမှ IU က ထုတ်ဖော်ပြောကြားခဲ့တာက ဆောင်းဟေဂျိုက သူမ ပရိသတ် ဖြစ်တာကြောင့် သူတို့စုံတွဲကို ဖျော်ဖြေပွဲသို့ ဖိတ်ကြားလိုက်တာပါတဲ့။

ဆောင်ဟေကျိုကတော့ ဒီ Show ပွဲကို တကယ်နှစ်သက်ပုံပေါ်ပြီး ပွဲအပြီးမှာတော့ သူမရဲ့ Instagram Account မှာ ပွဲအကြောင်း တင်ခဲ့လို့ပါ။ ဒီအကြိမ်ဟာ သူတို့ နှစ်ယောက် အောက်တိုဘာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ပြီးနောက် ပြည်သူတွေကြားထဲ တူတူ ပြန်ထွက်လာတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Ref : Entertainment : Song Song Couple

MayMoe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top