ဂျွန်နီဒပ်ဖ်ရဲ့ကိုယ်ပိုင်သီချင်း ၂ ပုဒ်ပါတဲ့ 18 သီချင်းခွေ ဇူလိုင်လ ၁၅ ရက်နေ့ ထွက်ရှိမယ်

13-6-2022-yyl13.jpg

ဟောလိဝုဒ်ကြယ်ပွင့် ဂျွန်နီဒပ်ဖ်နဲ့ အင်္ဂလန်သား ဂစ်တာသမား ဂျက်ဖ်ဘက်တို့ ပေါင်းထုတ်တဲ့ 18 သီချင်းခွေဟာ ဇူလိုင်လ ၁၅ ရက်မှာ ထွက်ရှိလာမှာပါ။ ဒီအခွေထဲမှာ သီချင်း ၁၃ ပုဒ် ပါဝင်ပြီး အများစုကတော့ ကာဗာသီချင်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ဂျွန်နီဒပ်ဖ်နဲ့ ဂျက်ဖ်ဘက်တို့ ပေါင်းပြီး ဗြိတိန်နိုင်ငံရဲ့ နေရာအများအပြားမှာ ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ ၂၀၁၉ ခုနှစ်ကစပြီး အဲဒီခွေအတွက် သီချင်းသွင်းခဲ့ကြတာပါ။ ဒီခွေထဲမှာ ဂျွန်နီဒပ်ဖ်ရဲ့ ကိုယ်ပိုင်သီချင်း ၂ ပုဒ် ပါဝင်လာမှာဖြစ်ပြီး တစ်ပုဒ်ကတော့ ဟောလိဝုဒ်ရဲ့အကျော်ကြားဆုံး မင်းသမီးတစ်ဦးဖြစ်တဲ့ ဟီဒီလာမားအကြောင်း ရေးစပ်ထားတာ ဖြစ်ပါတယ်။

Ref: Johnny Depp, Jeff Beck team up for album of cover songs

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top