ဘေဂျင်းက လေသန့်စင်စက်ကြီး

57ed64f21a0000f3045b5cac.jpg

ကမ္ဘာ့အကြီးဆုံးလို့ ဆိုရမယ့် လေသန့်စင် စက် ကြီးကို တရုတ်နိုင်ငံဘေဂျင်းမြို့မှာ စတင်အသုံးပြုလျက် ရှိနေပါပြီ။ ဒီ လေသန့်စင်စက်ဟာ ခုနစ်မီတာ အမြင့်ရှိပြီး ဒီစက်ကို မီးခိုးမြူသန့်စင်တာဝါ  (Smog-Free Tower)  လို့ နာမည်ပေးထားပါတယ်။ စက်ကို ဒတ်ခ်ျလူမျိုးပညာရှင် ဒန်း ရုစ်ဂါရတ် ဆိုသူက ဒီဇိုင်းဆွဲ ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီ လေသန့်စင်စက်ဟာ တစ်နာရီကို ညစ်ညမ်းလေထု ၃၀,၀၀၀ ကုဗမီတာကို သန့်စင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီအပြင် ထူးခြားချက်အနေနဲ့ ဒီစက်ရဲ့ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုက လေထုထဲက ညစ်ညမ်း အမှုန်စတွေကို ဖိအားပေးနည်းပညာနဲ့ ပုံဆောင်ခဲတွေ အဖြစ်ဖန်တီးပြီး စိန်လို ကျောက်မျက်ရတနာတစ်မျိုး ဖန်တီးပေးနိုင်တာပဲ ဖြစ်ပါတယ်။ မီးခိုးမြူကျောက် (smog gemstone) လို့ ခေါ်တဲ့ အဲဒီကျောက်ကို လက်ဝတ်ရတနာတွေမှာ ထည့်သွင်းဝတ်ဆင်နိုင်ပါတယ်။

ဘေဂျင်းမြို့မှာ လေထုညစ်ညမ်းမှုဟာ ပြဿနာကြီးတစ်ရပ် အနေနဲ့ ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး အရင်နှစ်ကဆိုရင် အထူးသတိထားရမယ့် Red-alert အခြေအနေထိ ဆိုက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Ref : CCTV News: “Can this smog-sucking tower solve Beijing’s pollution woes? “

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top