အချိန်ခရီးသွားခြင်း အမှန်တကယ်ဖြစ်လာနိုင်သလား

time-travel-possible.jpg

စာအုပ်တွေနဲ့ ရုပ်ရှင်တွေထဲမှာသာ တွေ့ရှိခဲ့ရဖူးတဲ့ အချိန်ခရီးသွားခြင်း (Time Travel) အကြောင်းအရာဟာ အရင်က ကျွန်တော်တို့ ယုံကြည် လက်ခံထားခဲ့တာထက် အမှန်တကယ် ဖြစ်လာနိုင်ချေများစွာ ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပညာရှင်တစ်ဦးက အဆင့်မြင့် သင်္ချာပညာရပ်တွေ အသုံးပြုပြီး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စက်ပစ္စည်းတွေကို အသုံးပြုကာ အချိန်ခရီးသွား ကိရိယာ (Time Machine) ကို ဖန်တီးနိုင်ချေ ရှိတယ်လို့ ပြောပါတယ်။

ဂျီဩမေတြီဆိုင်ရာ နည်းတွေနဲ့ ဖန်တီးထားတဲ့ အချိန်ခရီးသွား ကိရိယာ တစ်ခုအကြောင်းကို စာတမ်းတစ်ခုမှာ ဖော်ပြထားခဲ့ပြီး အဲဒီကိရိယာအတွင်းမှာ အချိန် ရှေ့နောက် ဖြစ်ပျက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ အချိန်ခရီးသွားခြင်းဆိုတာ ဂျီဩမေထရီ နည်းဥပဒေသအရ စက်ဝန်းပုံစံ ထပ်တလဲလဲ လည်ပတ်လျက် ဖြစ်ပေါ်နေတဲ့ အလျင်လိုမျိုး ဖြစ်ပါတယ်။

နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အချိန်ခရီးသွားခြင်းဟာ သင်္ချာနည်းလမ်းအရ အမှန်တကယ် ဖြစ်နိုင်ကြောင်း လေ့လာသူ ပညာရှင် အများစုက ပြောကြားထားပါတယ်။

အိုင်းစတိုင်းရဲ့ နိယာမ အပေါ် ငြင်းခုံမှုတွေလည်း ရှိနေပြီး စကြာဝဠာ အချိန်စက်ဝန်းရဲ့ ကွေးညွတ်မူပေါ်မှာ ဂြိုလ်ပတ်လမ်းတွေဟာ အကွေး၊ အခုံးပုံစံနဲ့ ရှိနေကြတာကြောင့် အချိန်စက်ဝိုင်းကို မျဉ်းဖြောင့်လို သဘောထားပြီး စကြာဝဠာအတွင်း မျဉ်းဖြောင့်ပုံစံအတိုင်း သွားလာနိုင်မယ်ဆိုရင်တော့ အချိန်ခရီးသွားလာခြင်း ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြထားပါတယ်။

အချိန်ခရီးသွားခြင်းကို လေ့လာနေသူ ထရစ်ပတ် (Tippett) က အာကာသတွင်းနက် (Black Hole) တစ်ခုရဲ့ အနီးနားရောက်လာလေလေ သာမန်ထက် ပိုမိုနှေးကွေးတဲ့အချိန် ဖြစ်ပေါ်လာလေလေပဲလို့ သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး ထုတ်ဖော် ပြောကြားထားပါတယ်။

တိုးတက်လာနေတဲ့ ယူဆချက်အမျိုးမျိုး စမ်းသပ်ချက်အမျိုးမျိုးကြောင့် ဖြစ်နိုင်/မဖြစ်နိုင် ဒွိဟတွေများစွာ ရှိနေပေမဲ့လည်း မဝေးတော့တဲ့ အနာဂတ်မှာတော့ အချိန်ခရီးသွားလာနိုင်မှု အမှန်တကယ် ဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆလို့ရနိုင်ပါကြောင်း …

Ref: scienceacademy

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top