ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၆.၉ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၉ ဦးအထိ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့အင်္ဂါနေ့ ည ၁၀ နာရီအချိန်က ဆီဘူပြည်နယ်အနီး မြေအောက်အနက် ၅ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
ငလျင်ဗဟိုပြုချက်အနီးမှ ဘိုဂိုမြို့ ဆေးရုံမှာ လူနာတွေအပြည့် ဖြစ်နေတယ်လို့ မြို့ပြကာကွယ်ရေးအရာရှိ အလက်ဇန်ဒရိုက ပြောပါတယ်။ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းအတွက် စက်ယန္တယားတွေ လိုအပ်နေသလို လျှပ်စစ်မီးနဲ့ ရေ ပြန်လည်ရရှိရေးအတွက်လည်း အာဏာပိုင်တွေက ကြိုးပမ်းဆောင်ရွက်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသည်လာရောက်မှု အများဆုံးဖြစ်တဲ့ ဆီဘူပြည်နယ်မှာ လူဦးရေ ၃.၄ သန်း နေထိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယမြောက် အသုံးပြုမှု အများဆုံးဖြစ်တဲ့ Mactan-Cebu အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတော့ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲနေဆဲပါပဲ။
Ref: Philippines quake death toll rises to 69, official says
NZ (ရိုးရာလေး)

