ဘားဆိုင်ရန်ပွဲမှာပါဝင်ခဲ့ပေမဲ့ ရုပ်ချင်းခွဲမရအောင်တူလို့ တရားသေလွတ်ခဲ့တဲ့အမြွှာညီအစ်ကို

56847976_2324922460871994_5112926221042188288_n.jpg

ဘယ်လ်ဂျီယံနိုင်ငံ လူဗင်မြို့က အမြွှာညီအစ်ကို (၂) ယောက်ဟာ ဘားဆိုင်မှာ ရန်ဖြစ်ခဲ့ပေမဲ့ ရုပ်ချင်းခွဲမရအောင်တူနေလို့ စွဲချက်ကနေ တရားသေလွတ်မြောက်ခဲ့ပါတယ်။ အီဘရာဟင်နဲ့ မူရတ်အေလို့အမည်ရတဲ့ အမြွှာညီအစ်ကို (၂) ယောက်ထဲက တစ်ယောက်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ဘားဆိုင်မှာ အမျိုးသားတစ်ယောက်ကို တိုက်ခိုက်ခဲ့တာပါ။

အမြွှာညီအစ်ကို (၂) ယောက် စကားများနေတုန်း တစ်ယောက်က စက်ဘီးပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို လမ်းသွားလမ်းလာတစ်ယောက်က အော်ကြီးဟစ်ကျယ် ရယ်မောခဲ့ပါတယ်။ လှောင်ပြောင်ခံရသလိုဖြစ်သွားလို့ ဒေါသထွက်သွားတဲ့ တစ်ယောက်က အဲဒီသူကို ထိုးကြိတ်တိုက်ခိုက်ခဲ့ပါတယ်။

အမြွှာ (၂) ယောက်ထဲမှာ တစ်ယောက်က ထိုးကြိတ်နေတုန်း ကျန်တစ်ယောက်က ကြားဝင်ဖျန်ဖြေခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အကြောင်း ရိုက်ထားတဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းကို ရဲတပ်ဖွဲ့ကရရှိခဲ့ပေမဲ့ ထိုးကြိတ်ခဲ့သူကဘယ်သူလဲဆိုတာ ခွဲမရခဲ့ပါဘူး။ ဒီဖြစ်ရပ်မှာ (၂) ယောက်လုံးကို အပြစ်ပေးနိုင်လောက်အောင် ခိုင်လုံတဲ့သက်သေအထောက်အထား မရှိဘူးလို့ တရားရုံးကဆုံးဖြတ်ခဲ့ပြီး သူတို့ (၂) ယောက်လုံးကို တရားသေလွှတ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top