အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကြောင့် ထိုင်းလေကြောင်းလိုင်းက ဥရောပလေကြောင်းခရီးစဉ်အားလုံး ဖျက်သိမ်း

i7.jpg

အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကြောင့် ထိုင်းလေကြောင်းလိုင်းက ဥရောပလေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ ပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့ပြီးနောက် ထိုင်းလေကြောင်းလိုင်းနဲ့ အမ်းမရိတ်စ်လေကြောင်းလိုင်းတွေက ပါကစ္စတန်နိုင်ငံကို ဖြတ်သန်းသွားရမယ့် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပါကစ္စတန်နိုင်ငံက သူတို့ရဲ့ လေပိုင်နက်ကို ပိတ်ပစ်ခဲ့ပါတယ်။ ထိုင်းလေကြောင်းလိုင်းက ဥရောပခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်လို့ သုဝဏ္ဍဘူမိလေဆိပ်မှာ ဗြိတိန်နိုင်ငံသား ခရီးသည်ရာချီ အပါအဝင် ခရီးသည်တော်တော်များများ ပိတ်မိခဲ့ကြပါတယ်။ ထိုင်းလေကြောင်းလိုင်းဟာ အိန္ဒိယနဲ့ ပါကစ္စတန် လေပိုင်နက်ကို တိုက်ရိုက်ဖြတ်သန်းပြီး ဥရောပကို (၁၃) နာရီကြာမြင့်တဲ့ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာ ဒီလမ်းကြောင်းအတိုင်း ပျံသန်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ထိုင်းလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ လေဆိပ်ကနေ ပျံတက်ပြီးမှ နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။ သုဝဏ္ဍဘူမိလေဆိပ်မှာ ပိတ်မိနေတဲ့ ခရီးသည်တစ်ယောက်ကတော့ အစာမစား၊ ရေမသောက်ရတဲ့ အခြေအနေ ကြုံခဲ့တယ်လို့ ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top