kaon particle ကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ ကျောင်းထွက်ခဲ့ရတဲ့ အမျိုးသမီးကြီးကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်း

24.7.2024-yyl-3.jpg

လွန်ခဲ့တဲ့ ၇၅ နှစ်က မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ တက္ကသိုလ်ကနေ ထွက်ခဲ့ရတဲ့ ရူပဗေဒကျောင်းသူ အမျိုးသမီးကြီးဟာ အသက် ၉၈ နှစ်အရွယ်မှာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခံခဲ့ရပါတယ်။ ရို့စ်မေရီဖောင်လာဟာ ၁၉၄၈ ခုနှစ်က ဘရစ္စတိုးတက္ကသိုလ်မှာ ပညာသင်ကြားနေရင်း (kaon particle)အမှုန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဒေါက်တာဘွဲ့ မရခင်မှာပဲ ရူပဗေဒပညာရှင်တစ်ဦးဖြစ်သူ ပီတာဖောင်လာနဲ့ အိမ်ထောင်ကျခဲ့ပြီး မိသားစုတာဝန်တွေကြောင့် ကျောင်းထွက်ခဲ့ရတာပါ။

” ရို့စ်မေရီဖောင်လာရဲ့ အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုတွေက ယနေ့ခေတ် ရူပဗေဒပညာရှင်တွေရဲ့လုပ်ဆောင်မှုတွေနဲ့ စကြဝဠာအကြောင်း ကျွန်တော်တို့ရဲ့ သိရှိနားလည်မှုအပေါ် ပုံဖော်ပေးနိုင်ခဲ့ပါတယ်” လို့ ဘရစ္စတိုးလ်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဆာပေါလ်နာ့စ်က ပြောပါတယ်။

ရို့စ်မေရီဖောင်လာဟာ kaon particle ကို ရှာဖွေတွေ့ရှိချိန်မှာ အသက် ၂၂ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ရို့စ်မေရီဖောင်လာကို ကမ်းဘရစ်ချ်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်အနီးမှာ သီးသန့်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပေးပြီး သိပ္ပံဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းခဲ့တာပါ။

Ref: Pioneering physicist finally receives her doctorate at the age of 98
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top