နတ်သမီးပုံပြင်အလားထင်မှတ်ရတဲ့ တိရိစ္ဆာန်လောကရဲ့ ရက်ပ်ပန်ဇယ်မြင်းလေး

yyl-1-10-019.jpg

စတုန်း (Storm) က နယ်သာလန်မှာ သူ့ပိုင်ရှင်နာအိုမီ ဘတ်ခါ (Naomi Beckers) နဲ့ နေထိုင်တဲ့ အရမ်းလှတဲ့မြင်းတစ်ကောင်ပါ။ ဒီမြင်းလေးကို မြင်တဲ့သူတိုင်းက စတုန်းက တကယ့်မြင်းကောဟုတ်ရဲ့လား။ ရက်ပ်ပန်ဇယ်ဆိုတဲ့ နတ်သမီးပုံပြင်ထဲကများ ထွက်လာသလားဆိုပြီး အံ့သြမင်သက်နေကြပါတယ်။ နာနိုမီ နဲ့ စတုန်းတို့က ပုံစံတူဆံပင်အကောက်စတိုင်လေးနဲ့ အတူတူဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ အဲဒီဓာတ်ပုံတွေကို တိရစ္ဆာန်ချစ်သူတွေရဲ့နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ စာဖတ်ပရိသတ်တွေလည်း သူတို့ရဲ့ဓာတ်ပုံတွေကို မြင်လိုက်မယ်ဆိုရင် နှစ်သက်သဘောကျမိကြမှာပါ။

စတုန်းက တစ်ကောင်တည်းသော အမွေးအမှင်ကောက်တဲ့ Haflinger အမျိုးအစားမြင်းတော့မဟုတ်ပါဘူး။ စတုန်းလို မြင်းတွေက အရွယ်ရောက်လာတာနဲ့ လှိုင်းတွန့်အမွေးအမှင်တွေက ဖြောင့်လာပြီး သူတို့ရဲ့ဇောင်းမွေးတွေက ပိုရှည်လာကြပါတယ်။ ဒါပေမဲ့ စတုန်းကတော့ ချွင်းချက်ပါပဲ။ အခုထိ သူ့ရဲ့အမွေးအမှင်တွေက လှိုင်းတွန့်ပုံစံကောက်နေတုန်းပါပဲ။ အခုဆို သူ့အသက် (၁၀) နှစ်ရှိပါပြီ။

အစက အင်စတာဂရမ်မှာ စတုန်းရဲ့ပုံတချို့ကိုသာ တင်ဖို့စီစဉ်ခဲ့တာဖြစ်ပြီး အင်စတာဂရမ်အသုံးပြုသူတွေက စတုန်းကို ချစ်သွားကြတဲ့အတွက် ဓာတ်ပုံတွေ ထပ်တင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်လို့ စတုန်းရဲ့ပိုင်ရှင် နာအိုမီက ဖွင့်ဟခဲ့ပါတယ်။ အင်စတာဂရမ်အကောင့်မှာ စတုန်းနဲ့ နာအိုမီတို့က follower (၄၈,၀၀၀) ရှိနေပါတယ်။ စာဖတ်ပရိသတ်တွေအတွက် စတုန်းနဲ့ နာအိုမီတို့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ပုံလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

Ref: Brightside “Meet Storm, a Rapunzel of the Animal World That Can Make Any Girl Jealous”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top