တိုင်တန်းနစ်သင်္ဘော နစ်မြုပ်ချိန်က ပထမတန်းခရီးသည်အဖြစ် လိုက်ပါခဲ့သူ ပိုင်ဆိုင်တဲ့ အိတ်ဆောင်ရွှေနာရီဟာ အမေရိကန်ဒေါ်လာ ၂.၃ သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ မာစီကုန်တိုက်ကို ပူးတွဲပိုင်ဆိုင်တဲ့ ဂျာမနီဖွား အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အစ်ဆီဒေါစထရက်စ်ဟာ ၁၈၈၈ ခုနှစ်က သူ့ရဲ့ ၄၈ နှစ်မြောက် မွေးနေ့မှာ ၁၈ ကာရက်ရှိတဲ့ ဂျူးဂျာဂန်ဆန် (Jules Jurgensen) အိတ်ဆောင်ရွှေနာရီကို ဝယ်ယူခဲ့တာပါ။
တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ချိန်မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ကယ်တင်ခဲ့ကြပြီး အစ်ဆီဒေါစထရက်စ်ကို အသက်ကယ်လှေပေါ် လိုက်ပါခွင့်ပေးပေမဲ့ အစ်ဆီဒေါနဲ့ ဇနီးသည် အီဒါတို့ကတော့ အခြားသူတွေကို ဦးစားပေးခဲ့ပြီး အသက်ကယ်လှေပေါ် လိုက်ပါခဲ့ခြင်း မရှိပါဘူး။

အစ်ဆီဒေါစထရက်စ်ရဲ့ ရုပ်အလောင်းကနေ တွေ့ရှိခဲ့တဲ့ အိတ်ဆောင်ရွှေနာရီကို စထရက်စ်ရဲ့ ကျန်ရစ်သူမိသားစုတွေက ရာစုနှစ်တစ်ခုကြာ သိမ်းဆည်းထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့ လေလံပြပွဲမှာ လေလံတင်ခဲ့တာပါ။ အမေရိကန်ဒေါ်လာ ၁.၃ သန်းဝန်းကျင်ပဲ ရမယ်လို့ ခန့်မှန်းထားပေမဲ့ ဒေါ်လာ ၂.၃ သန်းအထိ ရရှိခဲ့ပြီး တိုင်တန်းနစ်သင်္ဘောရဲ့ အမှတ်တရပစ္စည်းတွေထဲမှာ အများဆုံးဈေးနှုန်းနဲ့ လေလံအောင်မြင်တဲ့ပစ္စည်းလည်း ဖြစ်လာခဲ့ပါတယ်။
Ref: Pocket watch owned by Titanic victim sells for $2.3M at auction
NZ ( ရိုးရာလေး)

