အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေး အရင်ဆုံးထိုးပေးရမယ့်သူစာရင်းကို အခုလအကုန် နောက်ဆုံးထားပြုစုနေ

6-10-2020-yyl-017.jpg

အိန္ဒိယနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရင်ဆုံးထိုးပေးရမယ့် လူစာရင်းကို အခုလအကုန် နောက်ဆုံးထား စာရင်းပြုစုနေပြီး လာမယ့်နှစ် ဇူလိုင်လမှာ လူဦးရေ သန်း ၂၀၀ ကနေ သန်း ၂၅၀ ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ ပြင်ဆင်ပြီလို့ ကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဗာဒန်က ပြောပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ ကာကွယ်ဆေး တစ်ခုမက ထိုးနှံခွင့်ရရှိလာလိမ့်မယ်လို့ တွက်ဆပြီး အခုလို ပြင်ဆင်နေတာပါ။ အခုအချိန်အထိ အိန္ဒိယနိုင်ငံ စိတ်ဝင်စားနေတဲ့ ကာကွယ်ဆေးတွေထဲမှာ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးတစ်မျိုးပဲ ခွင့်ပြုချက် ရရှိပါသေးတယ်။

ဒါပေမဲ့ အဲဒီဆေးကိုလည်း အိန္ဒိယနိုင်ငံမှာ ထိုးနှံဖို့ ခွင့်ပြုချက်မပေးခင် စမ်းသပ်မှုလုပ်ရဦးမှာပါ။
အိန္ဒိယအစိုးရက လာမယ့်နှစ်ဇူလိုင်လမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအဖုံ သန်း ၄၀၀ ကနေ သန်း ၅၀၀ ရရှိရေး အစီအစဉ်ကို လုပ်ဆောင်နေတယ်လို့ ဟာ့ရှ်ဗာဒန်က ပြောပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ ဈေးကွက်ထဲ ရောက်လာဖွယ်ရှိတဲ့ ကာကွယ်ဆေးအများစုက အနည်းဆုံး နှစ်ခေါက် ( နှစ်ဖုံ) ထိုးရမယ့် ဆေးဝါးတွေဖြစ်နေလို့ အဖုံသန်း ၄၀၀၊ သန်း ၅၀၀ မှာထားမှပဲ လူသန်း ၂၀၀၊ သန်း ၂၅၀ လောက်အတွက် လုံလောက်မှာပါ။ လက်ရှိအချိန်အထိ စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့် (အဆင့် ၃) ရောက်ရှိနေတဲ့ ကာကွယ်ဆေးတွေထဲမှာ တစ်ကြိမ်ပဲ ထိုးရမယ့် ကာကွယ်ဆေးကတော့ Johnson & Johnson ကုမ္ပဏီက ဖော်စပ်ထားတဲ့ ဆေးဝါးတစ်မျိုးတည်း ရှိပါသေးတယ်။

လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံက ဖော်စပ်နေတဲ့ ကာကွယ်ဆေး ၂ မျိုးကတော့ စမ်းသပ်ထိုးနှံမှု အဆင့်(၂)ကို ရောက်ရှိနေပြီး စမ်းသပ်ထိုးနှံမှုရလဒ်တွေ ကောင်းခဲ့ရင်တော့ လာမယ့်နှစ်အစောပိုင်းမှာ ဈေးကွက်ထဲ ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် အိန္ဒိယကုမ္ပဏီတွေက အိန္ဒိယနိုင်ငံမှာ ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူးခွင့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဖော်စပ်နေတဲ့ ကမ္ဘာ့ထိပ်တန်းဆေးဝါးကုမ္ပဏီ ၄ ခုနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။

Ref: Indian Express ” India hopes to vaccinate 20-25 crore people by next July”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top