မျိုးဆက် ၃ ဆက်လုံး နာမည်တူ၊ မွေးနေ့တူကြတဲ့ မိသားစု

12.4.24-yyl-3.jpg

မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ်မှာ မိသားစုတစ်စုရဲ့မျိုးဆက် ၃ ဆက်လုံးက နာမည်တူရုံသာမက မွေးနေ့လည်းတူကြပါတယ်။ တတိယမြောက် ဒန်နီရယ် နယ်ဆန် လဲဆင်စကီး ကို သူ့ဖခင် ဒန်နီရယ် နယ်ဆန် လဲဆင်စကီး ဂျူနီယာ (၃၄ နှစ်) နဲ့ သူ့အဘိုး ဒန်နီရယ် နယ်ဆန် လဲဆင်စကီး စီနီယာ (၆၇ နှစ်) တို့ရဲ့မွေးနေ့ဖြစ်တဲ့ မတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

သူတို့ရဲ့မွေးနေ့ဖြစ်တဲ့ မတ်လ ၂၆ ရက်နေ့မှာ ဒန်နီရယ်လေးမွေးဖွားလာခဲ့တဲ့အတွက် သူတို့မိသားစု အံ့အားသင့်ခဲ့ရပါတယ်။ တကယ်တော့ ဒန်နီရယ်လေးကို မွေးဖို့ ရက်ချိန်းက ဧပြီ ၁ ရက်နေ့ပါ။ ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ ပြောခဲ့တာကြောင့် အဲ့ရက်မှာ မွေးဖွားဖို့ဖြစ်လာခဲ့တာပါ။ ဒန်နီရယ်လေးက ၈ ပေါင်၊ ၁၀ အောင်စ အလေးချိန်ရှိပါတယ်။ အခုဆို သူ့မိဘတွေနဲ့အတူ အိမ်ပြန်ရောက်နေပါပြီ။

သူ့သားလေး မွေးဖွားရောက်ရှိလာခဲ့တာက အံ့ဖွယ်လို့တောင် ဒန်နီရယ် ဂျူနီယာက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဇနီးဖြစ်သူဟာ ကိုယ်ဝန်ပျက်ကျတာကို ကြုံတွေ့ခဲ့ရလို့ပါပဲ။ ဒန်နီရယ် စီနီယာကလည်း သူ့ရဲ့ ၁၃ ယောက်မြောက်မြေးလေးကို ကြိုဆိုရတဲ့အတွက်၊ သူနဲ့အတူ မွေးနေ့ရော နာမည်ပါအတူတူဖြစ်တဲ့အတွက် ကောင်းချီးခံစားရတယ်လို့ ပြောပါတယ်။ သူ့ရဲ့ပထမဆုံးမြေးကိုလည်း ဒန်နီရယ်လို့ပေးထားတာပါ။ ဒါပေမဲ့ ဒန်နီရယ် ဂျိုဆက် လဲဆင်စကီးဆိုတဲ့နာမည်ပါ။

Ref: 3 generations share same name, birthday: ‘Blessed’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top