ဖိလစ်ပိုင်မြို့တော်ဝန် လူမြင်ကွင်းမှာ လုပ်ကြံခံရ

intl01.jpg

ဖိလစ်ပိုင်န်ိုင်ငံက အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မြို့တော်ဝန်တစ်ဦးဟာ အလံတင်အခမ်းအနားအတွင်း လူမြင်ကွင်းမှာ ပစ်သတ်ခံလိုက်ရတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

မြို့တော်ဝန် ဟာလီလီရဲ့ ဝမ်းဗိုက်ကို သေနတ်နဲ့ ပစ်ခဲ့တာဖြစ်ပြီး မနီလာမြို့တောင်ပိုင်း တာနာယူအမ် မြို့တော်ခန်းမအပြင်ဘက်မှာ န်ိုင်ငံအလံကိုတင်နေချိန်မှာ အပစ်ခံရတာဖြစ်ပါတယ်။

မြို့တော်ဝန်ဟာ ပစ်ခတ်ခံရပြီးတဲ့နောက် အဝေးကိုထွက်ပြေးခဲ့ပြီး အော်ဟစ်ကာ လဲကျသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ပါတယ်။ မြို့တော်ဝန်ဟာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူတွေကို အကာကွယ်ပေးသူအဖြစ် စွပ်စွဲခံရပေမဲ့ ငြင်းဆန်ထားသူ ဖြစ်ပါတယ။် မြို့တော်ဝန်ကိုလုပ်ကြံခဲ့သူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကို မသိလိုက်ရဘူးလို့ ဆိုထားပါတယ်။ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူဟာ ၁၅၀ မီတာအကွာကနေ မြို့တော်ဝန်ကို ပစ်ခတ်လုပ်ကြံခဲ့တာလို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲ မာကာဒိုက ပြောခဲ့ပါတယ်။

မြို့တော်ဝန်ရှိတဲ့ နေရာနဲ့ ပစ်ခတ်တဲ့နေရာဟာ အလွန်ဝေးပြီး လေကျင့်သင်ကြားထားတဲ့ လက်ဖြောင့်စနိုက်ပါတစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်ဖွယ်ရှိတယ်လို့လည်း မာကာဒိုက ပြောခဲ့ပါတယ်။ ဟာလီလီဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲခံရပြီးနောက် ဒေသခံရဲတပ်ဖွဲ့ အပေါ် ရှိနေတဲ့ သူရဲ့ ဩဇာ ကျဆင်းလာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်းတည်းက မူးယစ်ဆေးဝါးစစ်ပွဲ လုပ်ခဲ့ရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ ဆက်နွယ်သူတွေ သတ်ဖြတ်ခံရမှုတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

 

Ref: bbc.com ” Philippine mayor Antonio Halili shot dead at ceremony”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top