သဘာဝကို လွန်ဆန်ကာ အဖိုးတန်သစ်မွှေးဖန်တီးဖို့ ကြိုးစားနေ

8-11-2022yyl27.jpg

ဒီပုံက တရုတ်လူမှုကွန်ရက်မှာ တော်တော်လေး လူပြောများခဲ့တယ်။ သစ်တောပြုန်းတီးမှု ဆိုးဆိုးရွားရွား ဖြစ်နေတာ၊ လူသားတွေကြောင့် သစ်ပင်တွေ သေနေရတာကို သရုပ်ပြထားတာလို့ ဆိုသူက ဆို၊ အပင်တွေကို မှိုနဲ့ တခြားကပ်ပါးပိုးတွေ မစွဲကပ်နိုင်အောင် ကုသပေးတာလို့ ပြောသူက ပြော၊ အိတ်ထဲက ကျင်ငယ်ရည်တွေ ထည့်ပြီး သစ်ပင်တွေကို ဖျက်လိုဖျက်ဆီး လုပ်တာပါလို့ ထင်သူက ထင် . . . မှတ်ချက်အစုံအလင် မြင်တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ သစ်ပင်ရဲ့ကိုယ်ခံအားစနစ် ထွက်ပေါ်လာအောင် အဆိပ်ရည် ထိုးသွင်းတာပါ။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး သစ်သားတွေ ထုတ်ယူနိုင်ဖို့ပါပဲ။ ရေမွှေးနဲ့ အမွှေးနံ့သာ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ သစ်မွှေးက အင်မတန်ရှားပါးပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ သစ်မွှေးရဲ့ အနှစ်သားက နဂိုအနံ့မရှိပါဘူး။ (သစ်မွှေးအစိုသားကို ခုတ်လဲထားပြီး မြေအစိုမှာ မြှုပ်ထားတဲ့အခါ မှိုစွဲကပ်လာပြီး ဆွေးမြေ့လာမှပဲ မွှေးကြိုင်လာတာပါ)။ ဒီဖြစ်ရပ်ကိုတော့ phialophora parasitica လို့ ခေါ်ပါတယ်။ မှို စွဲကပ်မှုကို တုံ့ပြန်ရင်ဆိုင်ရင်း သစ်မွှေးပင်ကနေ အနက်ရောင်အစေးကွက်တွေ ထွက်လာတာပါ။

ဒီဖြစ်စဉ်ကို နားလည်သွားပြီးနောက်မှာတော့ သစ်မွှေးပင်ကို မှို စွဲကပ်အောင်လုပ်ပြီး သစ်ပင်ရဲ့ကိုယ်ခံအားစနစ် ထွက်ရှိအောင် လုပ်ဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။ အခုပုံမှာ မြင်တွေ့ရတာကလည်း IV အိတ်တွေနဲ့ ဆေးထိုးအပ်တွေသုံးပြီး သစ်ပင်ကို မှိုစွဲကပ်အောင် လုပ်နေတာပါ။

Ref: Poisoning Trees to Create the World’s Most Expensive Wood

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply