ကင်ဂျုံအန် လက်ဆောင်ပေးခဲ့တဲ့ ခွေးလေးတွေကို မွန်ဂျေအင် စွန့်လွှတ်ရဖို့ ရှိနေ

8-11-2022yyl26.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လက်ဆောင်ပေးထားတဲ့ ခွေးလေးတွေကို စွန့်လွှတ်ဖို့ စီစဉ်နေပြီလို့ တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေအင်က ပြောပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလက ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ တတိယမြောက် ထိပ်သီးအစည်းအဝေးအပြီး ကင်ဂျုံအန်က မွန်ဂျေအင်ကို အဖြူရောင် ပန်ဆန်းခွေးလေး ၂ ကောင် လက်ဆောင်ပေးခဲ့တာပါ။

အထီးလေး နာမည်က ဆောင်ကန်၊ အမလေး နာမည်က ဂိုမီ။ သူတို့ ၂ ကောင်ကနေ ခွေးလေး ၇ ကောင် သားပေါက်ခဲ့ပါတယ်။ ဥပဒေကြောင်းအရတော့ လက်ဆောင်ရတဲ့ ခွေးလေးတွေဟာ သမ္မတမော်ကွန်းတိုက်မှာ မှတ်တမ်းသွင်းရမယ့် နိုင်ငံပိုင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မေလက သမ္မတသက်တမ်း ကုန်ဆုံးသွားချိန်မှာ မွန်ဂျေအင်က ဆောင်ကန်၊ ဂိုမီနဲ့ ခွေးသားပေါက်လေး တစ်ကောင်ကို သူပဲ ဆက်မွေးဖို့ စီစဉ်ခဲ့တာပါ။

သမ္မတမော်ကွန်းတိုက်ကို စီမံခန့်ခွဲရတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွေးလေး ၃ ကောင်ကို သူ ဆက်မွေးမယ်၊ အစိုးရက ခွေးလေးတွေအတွက် တစ်လက ဝမ် ၂.၅ သန်း စရိတ်ပေးရမယ်လို့ သဘောတူညီခဲ့ကြတာပါ။ ဒါပေမဲ့ သမ္မတသစ် ယွန်ဆွတ်ယို တက်လာပြီးနောက် သမ္မတရုံးက ဒီကိစ္စကို ကန့်ကွက်လို့ သဘောတူညီမှု ပျက်ပြယ်ခဲ့ရတာလို့ သတင်းတွေက ဖော်ပြပါတယ်။

ယွန်ဆွတ်ယိုရဲ့ သမ္မတရုံးကတော့ ဒီကိစ္စမှာ သူတို့ ကြားဝင်စွက်ဖက်ခဲ့ခြင်းမရှိဘူး၊ သက်ဆိုင်ရာအဖွဲ့တွေကြား ညှိနှိုင်းမှုတွေ လုပ်နေတုန်းပဲလို့ ထုတ်ပြန်ထားပါတယ်။

Ref: South Korea’s Moon Jae-in to give up dogs gifted by Kim Jong-un

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top