ပိုမီရေးနီးယန်းခွေးငယ်လေးတစ်ကောင်ဟာ ၁၂ လွှာ တိုက်ခန်းပေါ်ကနေ ပြုတ်ကျခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့သလို ထိခိုက်ဒဏ်ရာတောင် မရခဲ့တာကတော့ တကယ့်ကို အံ့အားသင့်စရာပါပဲ။ နိုဝင်ဘာလ ၁၉ ရက်နေ့က ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ ပိုမီရေးနီးယန်း ခွေးငယ်လေး ပျောက်နေလို့ တစ်အိမ်လုံးအနှံ့ လိုက်ရှာပေမဲ့ မတွေ့လို့ ပြတင်းပေါက်က ထွက်ကြည့်တဲ့အခါ ဘေးအိမ်ခေါင်မိုးမှာ အပေါက်တစ်ပေါက် ပေါက်နေတာကို သတိထားမိခဲ့ပါတယ်။
သူတို့မိသားစုက ၁၂ လွှာတိုက်ခန်းမှာ နေထိုင်တာဖြစ်ပြီး ဘေးအိမ်ကတော့ ၃ ထပ်တိုက် ဖြစ်ပါတယ်။ မှန်ဘီလူးနဲ့ ကြည့်တဲ့အခါ ၃ လွှာတိုက် ခေါင်မိုးအပေါက်ထဲကနေ ခွေးငယ်လေး ပါရီကို လှမ်းတွေ့လိုက်ရပါတယ်။ အဲဒီအိမ်က သော့ခတ်ထားတာကြောင့် ဒေသခံမီးသတ်တပ်ဖွဲ့ထံ ဖုန်းဆက်ပြီး သော့ဖျက်ဝင်ကာ ခွေးငယ်လေး ပါရီကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ခွေးငယ်လေး ပါရီဟာ သူ့ခန္ဓာကိုယ်မှာ ခြစ်မိရာလောက်ပဲရှိပြီး ဒဏ်ရာကြီးကြီးမားမား မရခဲ့ပါဘူး။
သူ့သခင်တွေက ပြတင်းပေါက်တံခါးတွေကို အမြဲပိတ်ထားပါလျက်နဲ့ ခွေးငယ်လေး ပါရီ ဘယ်လို ပြုတ်ကျသွားသလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ၁၂ လွှာကနေ ၃ ထပ်တိုက် သွပ်အမိုးပေါ် ပြုတ်ကျချိန်မှာ သွပ်အမိုးနဲ့ သူ့အမွေးပွတွေကြောင့် ပြင်းထန်တဲ့ရိုက်ခတ်မှုမဖြစ်ဘဲ အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ ယူဆကြပါတယ်။
Ref:Pomeranian Dog Miraculously Survives Nine-Storey Fall with No Injuries
NZ (ရိုးရာလေး)