နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီ

8-6-2020-yyl-011.jpg

ကိုရိုနာဗိုင်းရပ်စ် ခံစားနေရသူ နောက်ဆုံးတစ်ယောက် သက်သာပျောက်ကင်းသွားတဲ့နောက်မှာတော့ နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားပါပြီ။ နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ပတ်ကျော်ကာလအတွင်း ရောဂါကူးစက်မှုသစ် ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၀၄ ယောက်ရှိပြီး သေဆုံးသူ ၂၂ ယောက် ရှိပါတယ်။

နယူးဇီလန်နိုင်ငံဟာ သီတင်းပတ် တော်တော်ကြာအောင် ကမ္ဘာ့အတင်းကျပ်ဆုံး ပိတ်ဆို့မှုစည်းမျဉ်းတွေ ချမှတ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေ ပိုဆိုးမလာအောင် တားဆီးနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပပျောက်သွားပြီဖြစ်လို့ ဒီနေ့နှောင်းပိုင်းမှာ ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်က ကျန်ရှိနေတဲ့ ကန့်သတ်မှုစည်းမျဉ်းတွေကို ရုပ်သိမ်းမလားဆိုတာ ကြေညာဖွယ်ရှိနေပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top