ဂျွန်နီဒက်ပ်ကို နစ်နာကြေးပေးဖို့ ကယ်လီဖိုးနီးယားက နေအိမ်ကို ရောင်းချခဲ့တယ်လို့ သတင်းထွက်ရှိနေတဲ့ အမ်ဘာဟက်ဒ်

2-8-2022-yyl16.jpg

မင်းသမီး အမ်ဘာဟက်ဒ်ဟာ ခင်ပွန်းဟောင်း ဂျွန်နီဒက်ပ်ကို အသရေဖျက်မှုနဲ့ အမှုရှုံးနိမ့်သွားပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်က နေအိမ်ကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။ သူက လူဦးရေ ၂၀၀၀၀ ရှိတဲ့ Yucca Valley လေးမှာ တည်ရှိတဲ့ နေအိမ်ကို ကန်ဒေါ်လာ ၁.၀၅ သန်းနဲ့ ရောင်းချခဲ့တာပါ။ ၂၀၁၉ ခုနှစ် သူ ဝယ်ယူခဲ့တဲ့အချိန်က ကန်ဒေါ်လာ ၅၇၀,၀၀၀ ပေးခဲ့ရတာကြောင့် အခု အမြတ်ငွေ ကန်ဒေါ်လာ ၅၀၀,၀၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ (၃၁) ရက်နေ့က ရိုက်ကူးထားတဲ့ဓာတ်ပုံ
(အိမ်ရောင်းပြီး ချက်ခြင်း ပြောင်းရွှေ့သွားပုံရပါတယ်။ ပြောင်းရွှေ့ဖို့ လုပ်နေတဲ့ ကားတွေကို မြင်တွေ့ရပါတယ်)

၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အဲဒီအိမ်က စတုရန်းပေ ၂၄၅၀ ကျော်ကျယ်ဝန်းပြီး ဘေးပတ်လည်မှာ ကျောက်ဆောင်တွေ၊ တောင်တန်းရှုခင်းတွေ မြင်တွေ့ရနိုင်ပါတယ်။ တောင်စောင်းဘေးက ရှုခင်းကြည့်လို့ရတဲ့ နေရာဆီ သွားတဲ့ ၁၁၀ ပေ တံတားတစ်ခုလည်း ပါရှိပါတယ်။ ကားဂိုဒေါင်က စတုရန်းပေ ၁၂၀၀ ခန့်ကျယ်ဝန်းပါတယ်။

ရောင်းချခဲ့တဲ့ အမ်ဘာဟက်ဒ်ရဲ့နေအိမ်

အမ်ဘာဟက်ဒ်ရဲ့အိမ်ကို ဝယ်ယူခဲ့တဲ့သူက အရောင်းအဝယ်နဲ့ပတ်သက်ပြီး သူနဲ့ တိုက်ရိုက်မပြောရဘဲ မင်းသမီးရဲ့အေးဂျင့်တွေနဲ့ ပြောခဲ့ရတယ်လို့ ဆိုပါတယ်။ အသရေဖျက်တဲ့အမှုရှုံးနိမ့်ကတည်းက ဂျွန်နီကို နစ်နာကြေးပေးဖို့ မတတ်နိုင်ဘူးလို့ အမ်ဘာဟက်ဒ်က ပြောခဲ့တာပါ။ ဒါပေမဲ့ ငွေကြေးမပြေလည်မှုက အိမ်ရောင်းဖို့အတွက် တစ်ခုတည်းသောအကြောင်းပြချက်မဖြစ်နိုင်ပါဘူး။ ဂျွန်နီရဲ့ပရိသတ်တွေက ဒေါသတကြီးနဲ့ သူ့ရဲ့အိမ်လိပ်စာကို အွန်လိုင်းမှာ ဝေမျှနေကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရောင်းချခဲ့တဲ့ အမ်ဘာဟက်ဒ်ရဲ့နေအိမ်

Ref: 8daysSingapore “Amber Heard Reportedly Sold California Desert Home For US$1.05 Million To Pay Johnny Depp Damages”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top