အရုပ်ထုတ်လုပ်တဲ့ ၃၃ နှစ်အရွယ် တရုတ်အမျိုးသားက ဘီလျံနာ ဖြစ်လာ

11-12-2020-yyl-017.jpg

ဒီဇင်ဘာလ ၁၁ ရက်က စတော့ဈေးကွက်မှာ ကုမ္ပဏီရှယ်ယာတွေ ရောင်းချခဲ့ပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ အရုပ်ထုတ်လုပ်သူတစ်ယောက်က ဘီလျံနာဖြစ်သွားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် အမျိုးသား ဝမ်နင်း တည်ထောင်ခဲ့တဲ့ Pop Mart ဟာ အမေရိကန်ဒေါ်လာ ၇ ဘီလျံ တန်ကြေးရှိတဲ့ ကုမ္ပဏီဖြစ်လာခဲ့တာပါ။ Pop Mart ကုမ္ပဏီဟာ အထဲမှာ ဘာပစ္စည်းပါလဲဆိုတာ မမြင်ရတဲ့ ပုံးတွေထုပ်ပိုးပြီး အရုပ်တွေပါတဲ့ ပုံးတစ်ပုံးကို အမေရိကန်ဒေါ်လာ ၈ ဒေါ်လာနဲ့ ရောင်းချတာပါ။

ဟောင်ကောင်မြို့ စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာ ရောင်းချခဲ့ပြီးနောက်မှာတော့ ကုမ္ပဏီရှယ်ယာ ၅၆ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ဝမ်နင်က အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံ ကြွယ်ဝချမ်းသာသူ ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဘေဂျင်းမြို့အခြေစိုက် Pop Mart ဟာ ရှယ်ယာရောင်းချမှုကနေ ရရှိလာတဲ့ အမေရိကန်ဒေါ်လာ ၆၇၄ သန်းကို စတိုးဆိုင်တွေ ထပ်ဖွင့်ဖို့၊ ပြည်ပနိုင်ငံတွေကို တိုးချဲ့ဖွင့်လှစ်ဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်။

” တရုတ်နိုင်ငံသားတွေက လုပ်ငန်းခွင်မှာ အချိန်အကြာကြီးလုပ်ရလို့ ဖိအားများတယ်။ ဒါပေမဲ့ လုပ်ခနည်းနည်းပဲ ရကြပြီး အိမ်တွေ၊ ခြံတွေဝယ်ဖို့လည်း မတတ်နိုင်ကြဘူး။ ဒီတော့ အကုန်အကျနည်းနည်းနဲ့ အပန်းဖြေစရာပစ္စည်းမျိုးပဲ ဝယ်ကြပါတယ်” လို့ တရုတ်နိုင်ငံရဲ့ ဈေးကွက်သုတေသနအဖွဲ့ စီမံခန့်ခွဲရေးဒါရိုက်တာ ရွှန်းရိန်းက ပြောပါတယ်။

Pop Mart ဟာ တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချပြီး သူတို့ရဲ့ဖောက်သည် ၇၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေပါ။ ဖောက်သည်အများစုကတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အရွယ်ရှိသူတွေ ဖြစ်ပါတယ်။

Ref: BBC ” Pop Mart: China’s mystery toymaker becomes multi-billionaire”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top