အခုနှစ်အတွက် အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာမယ့် Vivo V19 ကို မြန်မာပြည်မှာ စတင်မိတ်ဆက်တော့မယ်

Image-01_Article-Title.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo က မကြာမီထွက်ရှိလာတော့မယ့် Vivo V series ရဲ့Next Generation ဖြစ်တဲ့ V19 ကို ဒီရက်ပိုင်းအတွင်း Vivo Facebook Page စာမျက်နှာပေါ်မှာ တိုက်ရိုက် Live လွှင့်ပြီး စတင် မိတ်ဆက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်အတွင်း ဈေးနှုန်းအတိအကျနှင့် ရရှိနိုင်တဲ့ အသေးစိတ်အချက်အလက်များကို ကြေညာသွားမှာပါ။ Vivo Myanmar ရဲ့ Brand Ambassador များဖြစ်သည့် ဝိုင်းစုခိုင်သိန်းနှင့် နေခြည်ဦးတို့မှလဲ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်မှာဖြစ်ပြီး Vivo Flagship Smartphone အကြောင်းကိုလည်း အသေးစိတ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ Vivo V19 စတင်ရောင်းချမည့် နေ့နှင့် Pre-order ပြုလုပ်နိုင်မည့် နေ့ကိုလည်း Vivo Myanmarရဲ့Product Manager မှ တိုက်ရိုက်ထုတ်လွှင့်မှုအချိန်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

Vivo V19 ရဲ့ ထူးခြားချက်မှာ AMOLED မျက်နှာပြင်၊ quad-rear အနောက်ကင်မရာများပါဝင်ခြင်းနှင့် 4500mAh ဘက်ထရီတို့ ပါဝင်ခြင်းဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၆.၄၄ လက်မရှိပြီး ကြည်လင်ပြတ်သားသော full-HD + (1080×2400) Super AMOLED မျက်နှာပြင်အောက်ခြေတွင် လက်ဗွေစနစ်အသုံးပြုနိုင်သော fringerprint scanner တပ်ဆင်ထားပါတယ်။

Vivo V19 က camera-centric ဖုန်းတစ်လုံးဖြစ်ပြီး ဖုန်းအနောက်ဘက်အခြမ်းတွင် 48MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP macro sensor နှင့် 2MP depth sensor အစရှိသည့် quad-rear ကင်မရာများပါဝင်ပါတယ်။ အရှေ့ကင်မရာအနေဖြင့် 32MP နှင့် 8MP ဆယ်ဖီကင်မရာနှစ်လုံးလည်း ပါဝင်ပါတယ်။ V series က Vivo Myanmarရဲ့ flagship စီးရီးဖြစ်သည်နှင့်အညီ V19 က ခေတ်မီ ဆန်းသစ်ပြီး အနုပညာဆန်သည့် သပ်ရပ်လှပသော ဒီဇိုင်းဖြင့် ထွက်ရှိလာခဲ့ပါတယ်။ မျက်လုံးထိခိုက်မှုမှ ကာကွယ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် E3 OLED အသုံးပြုထားသည့် Dual iView မျက်နှာပြင်ကို အသုံးပြုထားပြီး ကိုယ်ထည်အရောင်အားဖြင့် Gleam Black နှင့် Sleek Silver ဆိုပြီး ရွေးချယ်စရာ လှပဆန်းသစ်သော အရောင် ၂ မျိုး ထွက်ရှိမှာဖြစ်ပါတယ်။

8GB RAM ၊ 128 ROM ပါဝင်ပြီး Qualcomm Snapdragon octa-core 712 Processor ကို တပ်ဆင်ထားသည့်အတွက်ကြောင့် V19 အသုံးပြုသူများအနေဖြင့် လုပ်ဆောင်မှုအပိုင်းတွင် ပိုမိုလျင်မြန်ချောမွေ့ခြင်းကို တွေ့ကြုံခံစားနိုင်မှာဖြစ်ပါတယ်။

အဆင့်မြင့်တင်ထားသည့် Game Mode ကြောင့် ဂိမ်းကစားသူများ အနေဖြင့် Game Vibration ၊ Voice Changer နှင့် Killer Countdown အစရှိသည့် အမိုက်စား Feature များကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 33W Vivo FlashCharge 2.0 နည်းပညာကြောင့် ဘက္ထရီအားလုံးဝကုန်နေသည့်အေနအထားမှ 54% အထိကို နာရီဝက်အတွင်း အလွန်အမြန်အားဖြည့်ပေးနိုင်ပြီး 4500mAh super capacity ဘထ္ကရီကြောင့် တစ်နေကုန် အသုံးပြုနိုင်သည်အထိ ဘထ္ကရီအား ကြာရှည်ခံနိုင်ပါတယ်။

အစီအစဉ်တင်ဆက်နေစဉ်အတွင်း ဝင်ရောက် ကြည့်ရှုအားပေးသူများကို မေးခွန်းများမေးပြီး live-stream အပြီးတွင် အဖြေမှန်သူများကို Vivo Myanmar မှရွေးချယ်ပြီး Vivo V19 ကို မဲဖောက်ပေးသွားမှာဖြစ်ပြီး V19 စတင်မိတ်ဆက်မည့်ရက်ကို Vivo Myanmar မှ ပြန်လည်ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top