အမှန်၊ အမှားရောထွေးနေတဲ့ အများသိအယူအဆများ

haykdefeatsbel1.jpg

ကျွန်တော်တို့အနေနဲ့ နေ့စဉ်နေ့တိုင်းမှာ များပြားလှတဲ့ သတင်းတွေ၊ အသိအမြင်တွေနဲ့ အယူအဆတွေကို ရရှိမြင်တွေ့နေကြပါတယ်။ ဒီထဲက တချို့အချက်အလက်၊ အယူအဆတွေဟာ အမှန်အမှားခွဲခြားဖို့ ခက်ခဲပြီး အများကပြောဆိုလက်ခံနေကြလို့ အမှန်ပဲလို့ ယူဆလိုက်ကြတဲ့အကြောင်းတွေကလည်း ရှိနေပါတယ်။ အခုပြောပြပေးလိုက်တာတွေကတော့ လူများစုသိထားပြီးတဲ့ အချက်အလက်တချို့ရဲ့ အမှန် အမှားအကြောင်းတွေဖြစ်ပါတယ်။ လေ့လာဖတ်ရှုကြည့်လိုက်ပါဦးဗျ…။

၁။ စကြဝဠာထဲကတွင်းနက်များ

“တွင်း” လို့ဆိုပေမဲ့ တကယ့် “တွင်း” ပုံစံတော့မဟုတ်ပါဘူး။ အားကောင်းလွန်းတဲ့ဆွဲငင်အားရှိပြီး သိပ်သည်းဆများပြားလွန်းတဲ့အရာတွေပဲဖြစ်ပါတယ်။

၂။ တရုတ်ပြည်ကမဟာတံတိုင်း

ကြီးမားရှည်လျားလှတဲ့ ဒီတံတိုင်းကြီးကို အာကာသထဲကတောင် မြင်နိုင်တယ်လို့ပြောတာကို ကြားဖူးကြမယ်ထင်ပါတယ်။ အမှန်တော့ ဒါက တကယ်မဟုတ်ပါဘူး။

၃။ ခွေးတွေက သွားရည်ကျခြင်းကနေ ချွေးကိုစွန့်ထုတ်တယ်


ဒါကလည်းမဟုတ်ပါဘူး။ ခွေးတွေကို မောပန်းနေတဲ့ဟန်နဲ့တွေ့ရတာက သူတို့ရဲ့အပူချိန်ကိုပုံမှန်အနေအထားမှာရှိဖို့ လုပ်နေတာသာ ဖြစ်ပါတယ်။ သူတို့က ချွေးကို ခြေဖဝါးကနေစွန့်ထုတ်တာပါ။

၄။ အိုင်းစတိုင်းက သင်္ချာညံ့တယ်


တကယ်တော့ သူက ကျောင်းတစ်ကျောင်းမှာ ဝင်ဖြေခဲ့တဲ့ ဝင်ခွင့်စာမေးပွဲကိုပဲရှုံးခဲ့တာပါ။ အိုင်းစတိုင်းဟာ သင်္ချာဘာသာရပ်ကို ကောင်းကောင်းနိုင်နင်းသူဖြစ်ပါတယ်။

၅။ ရွှေငါးတွေရဲ့ (၃) စက္ကန့်ပဲခံတဲ့မှတ်ဉာဏ်စွမ်း

အမှန်က အဲဒီလိုမဟုတ်ပါဘူး။ သူတို့ရဲ့မှတ်သားနိုင်စွမ်းက တချို့လူတွေထက်တောင်သာလွန်နေပြီး အကြောင်းအရာတစ်ခုကို (၃) လအထိ မှတ်သားထားနိုင်ပါတယ်။

၆။ လူတွေဟာ ချန်ပန်ဇီတွေကနေ ဆင့်ကဲပြောင်းလဲလာတယ်


ချန်ပန်ဇီတွေဟာ လူသားတွေနဲ့မျိုးရိုးဗီဇပိုင်းအရ အနီးစပ်ဆုံးလို့ပဲဆိုနိုင်ပါတယ်။ သူတို့က ဆက်ပြီးဆင့်ကဲတိုးတက်မှုမရှိဘဲ ရပ်တန့်ကျန်ခဲ့တဲ့မျိုးစိတ်တစ်ခုပါ။

၇။ အိပ်နေရင်းလမ်းလျှောက်တတ်သူတွေကိုနှိုးရမလား


နှိုးလိုက်ရင် သူတို့အနေနဲ့ အူလည်လည်တော့ဖြစ်သွားမှာပါ။ ဒါပေမဲ့ သူတို့မနိုးခဲ့ရင် တစ်ခုခုထိခိုက်နာကျင်မှုဖြစ်လာနိုင်ချေများတာမို့ နှိုးလိုက်တာကပဲ ကောင်းပါတယ်။

၈။ လူသားနဲ့ဒိုင်နိုဆော


အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူ ၄၁% က လူတွေနဲ့ဒိုင်နိုဆောတွေဟာ တစ်ချိန်တည်းနေထိုင်ခဲ့တယ်လို့ ယူဆနေပေမဲ့လည်း တကယ်တော့ ဒီမျိုးနွယ်နှစ်ခုက နှစ်ပေါင်း (၆၃) သန်းလောက်ကွာခြားပြီး သီးခြားစီပေါ်ပေါက်ခဲ့ကြတာပါ။

၉။ ညအိပ်ချိန်မှာ ပန်ကာမဖွင့်ထားသင့်


တောင်ကိုရီးယားမှာတော့ ဒါက သေစေလောက်တဲ့အပြုအမူလို့ ယူဆကြပါတယ်။ ဒါပေမဲ့ ပန်ကာကို အိပ်ရာထဲထည့်မအိပ်သ၍တော့ ဘာမှမဖြစ်ပါဘူးတဲ့။

၁၀။ နပိုလီယန်က အရပ်ပုတယ်


၅ ပေ ၇ လက်မဆိုတဲ့အရပ်ကို ပုတယ်လို့ မဆိုနိုင်ပါဘူး။ နပိုလီယန်ဟာ အဲဒီခေတ်ပြင်သစ်အမျိုးသားတွေမှာရှိသင့်တဲ့အရပ်အမောင်းရှိခဲ့ပါတယ်။

၁၁။ နွားရိုင်းတွေက အနီရောင်ကိုမုန်းတယ်

၁၂။ ဦးနှောက်ဘယ်ခြမ်းနဲ့ ညာခြမ်းကွဲပြားမှု


ဦးနှောက်ရဲ့ ဘယ်နဲ့ ညာအပိုင်းတွေအကြား ဘာခွဲခြားထားမှုမှမရှိနေပါဘူး။ ဘယ်ဘက်အခြမ်းက ညာဘက်အခြမ်းရဲ့လုပ်ဆောင်ချက်တွေကိုလေ့လာနိုင်သလို ညာခြမ်းကလည်း ဘယ်ခြမ်းကို ပြန်ပြီးလေ့လာနိုင်ပါတယ်။

Ref: InformationisBeautiful.net “Common MythConceptions”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top