မင်းသားအော်လန်ဒိုဘလွန်းနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ အဆိုတော်ကေတီပယ်ရီ

ka0.jpg

ပေါ့စ်စတား ကေတီပယ်ရီ (Katy Perry) နဲ့ သူ့ရဲ့ချစ်သူ ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွန်း (Orlando Bloom) တို့ စေ့စပ်လိုက်ပါပြီ။ ကေတီပယ်ရီက “Full bloom”ဆိုတဲ့ ကပ်ပ်ရှင်ရိုးရိုးလေးနဲ့ သူရဲ့ပန်းပွင့်ဒီဇိုင်းစိန်လက်စွပ်ပုံလေးကို အင်စတာဂရမ်မှာပြသရင်း သူရဲ့ချစ်သူ အော်လန်ဒိုဘလွန်းနဲ့ စေ့စပ်လိုက်ကြောင်းကို အတည်ပြုခဲ့ပါတယ်။

ကေတီပယ်ရီ အင်စတာဂရမ်မှာပို့စ်မတင်ခင်ကလည်း ဖေ့စ်ဘွတ်ခ်မှာ ကေတီရဲ့မိခင် မယ်ရီ ဟက်ဒ်ဆန် (Mary Hudson) တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ Valentine’s Day ကပြုလုပ်တဲ့ စေ့စပ်ပါတီအတွင်း သူတို့စုံတွဲရဲ့ပုံတွေကို ပရိသတ်တွေက တွေ့မြင်ခဲ့ရပါတယ်။ အဲဒီပို့စ်မှာ ကေတီရဲ့မိခင်ရေးသားထားတာကတော့ “ ပြီးခဲ့တဲ့ညက စေ့စပ်ခဲ့ကြတဲ့သူတွေကို ကြည့်ကြပါဦး” ဆိုတဲ့စာသားလေးဖြစ်ပါတယ်။

ကေတီနဲ့ အော်လန်ဒိုတို့က ၂၀၁၆ ခုနှစ်မှာ စတွဲခဲ့ကြပြီး သူတို့စုံတွဲက ဒီကြားထဲ ပြတ်လိုက်ဆက်လိုက် ဖြစ်ခဲ့ကြပြီးတဲ့နောက်မှာ အခုလို စေ့စပ်လိုက်တာပါ။ ကေတီပယ်ရီက ဖျော်ဖြေရေးနယ်ပယ်မှာ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အော်လန်ဒိုဘလွန်းကလည်း “The Lord of the Rings”၊ “Pirates of the Caribbean”ဇာတ်ကားတွေနဲ့ လူသိများတဲ့ နာမည်ကြီးမင်းသားတစ်လတ်ဖြစ်ပါတယ်။

Ref: Orlando Bloom proposed to Katy Perry with an unconventional engagement ring
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top