နေ့စဉ်ဘဝမှာ အင်တာနက်ကို ဘယ်လို အကြောင်းအရာတွေအတွက် အသုံးပြုနေကြသလဲ

pexels-photo-306534.jpeg

လက်ရှိ လူ့အဖွဲ့အစည်းမှာဆိုရင် ပိုမို သက်တောင့်သက်သာ ရှိစေမယ့် လူနေမှု စနစ် ဖြစ်လာဖို့ နေ့စဉ်ဘဝမှာ အင်တာနက်က မရှိမဖြစ်အနေနဲ့ လိုအပ်လာပြီ လို့ ပြောလို့ရပါတယ်။

ဘယ်နေရာတွေမှာ အထောက်အကူဖြစ်လာသလဲ ဆိုတာ ဥပမာပေးရရင်တော့ အွန်လိုင်းကနေ တဆင့် လုပ်ဆောင်လို့ရတဲ့ အလုပ်တွေ၊ အွန်လိုင်းပေါ်ကနေ ရှာဖွေလို့ရတဲ့ သတင်း အချက်အလက်တွေ အပြင် အွန်လိုင်းကို အသုံးပြုပြီး ပေးချေလို့ရတဲ့ ငွေပေးချေစနစ်၊ ငွေလွှဲစနစ် အစရှိတဲ့ နေရာတွေကို ကြည့်ရင်  သိနိုင်မှာပါ။ နေ့စဉ်ဘဝမှာ အင်တာနက်ကို အသုံးပြုနေပုံ အချို့ကို လေ့လာကြည့်ရအောင်။

၁။ အင်တာနက်နဲ့ ဆက်နွယ်နေတဲ့ ကျောင်းသားလူငယ်တွေ

ကျောင်းသားလူငယ်တွေ အနေနဲ့ အင်တာနက် ခေတ်မစားခင် အချိန်ကလို လိုချင်တဲ့ လေ့လာစရာ၊ ကိုးကားစရာ အချက်အလက်တွေကို ခက်ခက်ခဲခဲနဲ့ ပင်ပန်းကြီးစွာ ရှာနေဖို့ သိပ်ပြီး မလိုအပ်တော့ပါဘူး။  အွန်လိုင်းစာကြည့်တိုက်တွေကနေ တဆင့် စာအုပ်တွေ၊ စာတမ်းတွေ၊ အချက်အလက်တွေကို လွယ်လွယ်ကူကူ ရရှိနိုင်နေပြီလို့ ဆိုရမှာပါ။ ဒါ့ပြင် အွန်လိုင်းကနေ တဆင့် သင်တန်းတွေ၊ ကျောင်းတွေလည်း တက်ရောက်နိုင်တဲ့ အတွက် အင်တာနက်က ကျောင်းသား လူငယ်တွေအတွက်တော့ မရှိမဖြစ် အရာတစ်ခု ဖြစ်လာတာ အမှန်ပါပဲ။ ဥပမာ အနေနဲ့ပြောရရင် futurelearn.com လို နေရာမျိုးမှာဆိုရင် တော့ စိတ်ဝင်စားစရာ ပညာရပ် အမျိုးမျိုးကို  အွန်လိုင်း သင်တန်းတွေအဖြစ် အခမဲ့ အနေနဲ့ရော၊ အခကြေးငွေနဲ့ပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

၂။ အလုပ်ခွင်မှာ မရှိမဖြစ် အရေးပါလာတဲ့ အင်တာနက်

ရုံးရောက်ရင် ကွန်ပျူတာ ဖွင့်ပြီး Email စစ်ကြတဲ့သူတွေ ရိုးရာလေး ပရိတ်သတ်တွေထဲ ဘယ်နှစ်ယောက်လောက် ရှိပါသလဲ။ ဟုတ်ပါတယ်။ နေ့တစ်နေ့ရဲ့ အလုပ်ခွင်အစကို အင်တာနက်ကို အသုံးပြုပြီး စတင်ကြတာက သမားရိုးကျ နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အွန်လိုင်းပေါ်ကနေ တဆင့် ချိတ်ဆက် ဆက်သွယ်ပြီး အွန်လိုင်းကုန်သွယ်မှုတွေ ပြုလုပ်နိုင်မယ်။ အွန်လိုင်းကို အသုံးပြုပြီး ကုန်ပစ္စည်း ကြော်ငြာတွေ၊ ပရိုမိုးရှင်း အစီအစဉ်တွေ ပြုလုပ်နိုင်လာမယ်။ ဥပမာ – Digital Marketing နဲ့ ပတ်သက်တဲ့ အလုပ်တွေကလည်း အခုဆိုရင် အရမ်းခေတ်စားလာတဲ့အတွက် အင်တာနက်က အလုပ်အကိုင် အခွင့်အရေးနဲ့ လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်နေခဲ့ပါပြီ။

၃။ အွန်လိုင်းကနေ အစပြုလို့ ကျယ်ပြန့်လာတဲ့ ပေါင်းသင်းဆက်ဆံရေး


အင်တာနက်က အခုအချိန်မှာ ပေါင်းသင်းဆက်ဆံရေးတွေအတွက် အဓိက ပေါင်းကူးပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ အရင်ကလို စာနဲ့ မိတ်ဖွဲ့ကြတာတွေ၊ အပြင်မှာ အရင်တွေ့ဆုံ မိတ်ဆက်ကြတာတွေထက် အွန်လိုင်းပေါ်က တဆင့် တွေ့ဆုံ ရင်းနှီးကြတွေက ပိုတောင်များလာပါသေးတယ်။ အမျိုးမျိုးသော ဆက်သွယ်စရာ ကြားခံ လူမှုကွန်ယက်တွေကလည်း မသုံးဘဲ မနေချင်လောက်အောင် အသုံးပြုသူကို ဆွဲဆောင်နိုင်ကြပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ Facebook, Instagram, Viber စတဲ့ လူမှုကွန်ယက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အဲ့ဒီလို လူမှုကွန်ယက်တွေကနေ ရရှိနိုင်တဲ့ စိတ်ပျော်ရွှင်မှုကလည်း အပြင်မှာ တကယ် ခင်မင်ရင်းနှီးမှုတွေထက်တောင် စိတ်ကို ပိုလွှမ်းမိုးလာနိုင်တယ်လို့ ဆိုရမှာပါပဲ။

၄။ အွန်လိုင်းရှော့ပင်း ဒါမှမဟုတ် အွန်လိုင်းပေါ်မှ ဈေးရုံတွေ

Shopping ထွက်မယ်ဆိုပြီး တကယ် ခြေညောင်းခံ လျှောက်ကြည့်ပြီး ရှာဖွေနေတဲ့သူတွေက ဒီနေ့ခေတ်မှာ နည်းသွားလောက်ပြီ ထင်ပါတယ်။ အွန်လိုင်းကနေ ပစ္စည်းမှာယူပြီး၊ အိမ်အရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကလည်း ဝယ်သူတွေကို ဆွဲဆောင်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဥပမာဆိုရင် အမေရိကန်မှာရော ကမ္ဘာမှာပါ အအောင်မြင်ဆုံး Online shop တစ်ခု ဖြစ်တဲ့ amazon.com ကို ကြည့်နိုင်ပါတယ်။ ကလစ်လေး တစ်ချက် နှိပ်လိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို လွယ်လွယ်ကူကူ ဝယ်ယူလို့ရနိုင်တာက အင်တာနက်ရဲ့ ကောင်းကျိုးတစ်ခုလို့ ဆိုရမှာပါပဲ။

၅။ အွန်လိုင်း ငွေပေးချေစနစ်တွေ၊ ငွေလွှဲစနစ်တွေ


အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေ အားလုံးနဲ့ ဆက်နွယ်နေတဲ့ အချက်တစ်ခုကို ပြောရမယ်ဆိုရင်တော့ အွန်လိုင်း ငွေပေးချေမှုစနစ်တွေနဲ့၊ အွန်လိုင်း ငွေလွှဲစနစ်တွေလို့ ဆိုရမှာပါပဲ။ အခု အချိန်မှာဆိုရင် အွန်လိုင်းကနေ ပစ္စည်းဝယ်တာပဲဖြစ်ဖြစ်၊ သင်တန်းတစ်ခုခုကို တက်ဖို့ စီစဉ်တာပဲ ဖြစ်ဖြစ်၊ အွန်လိုင်း ပရိုမိုးရှင်းတွေ အတွက်ပဲ ဖြစ်ဖြစ် နောက်ဆုံး လစာပေးတဲ့အခါမှာတောင် အွန်လိုင်း ငွေလွှဲစနစ်၊ အွန်လိုင်း ငွေချေ စနစ်တွေကိုပဲ အသုံးပြုတာ များလာတာတွေ့ရမှာပါ။ ဥပမာအနေနဲ့ဆိုရင်တော့  အူရီဒူးရဲ့ M-ပိုက်ဆံကို အသုံးပြုပြီး အဆိုပါ အွန်လိုင်းငွေလွှဲစနစ်နဲ့ အွန်လိုင်း ငွေပေးချေစနစ်တွေကို အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။ ငွေဖြည့်သွင်းဖို့ အတွက်ဆိုရင်တော့ နီးစပ်ရာ M-ပိုက်ဆံ ကိုယ်စားလှယ်ဆီမှာ သွားရောက်ဖြည့်သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ နေ့စဉ်လူနေမှုဘဝမှာ အင်တာနက်ကို အသုံးပြုနေကြပုံ အချို့ပဲ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top