သဘာဝပတ်ဝန်းကျင်ကိုပါ အထောက်အကူဖြစ်စေမယ့် Harley-Davidson ရဲ့ထုတ်ကုန်သစ်

https-_cdn.cnn_.com_cnnnext_dam_assets_190311142147-harley-davidson-1.jpg

ဟာလေ ဒေဗစ်ဆင် (Harley-Davidson) မော်တော်ဆိုင်ကယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ မသိတဲ့သူမရှိသလောက်ပါပဲ။ အခုတော့ (၁၁၆) နှစ်သက်တမ်းရှိတဲ့ ဒီဂန္တဝင်အမှတ်တံဆိပ်ဟာ မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်ရောင်းချမှုအတွက် ရုန်းကန်နေရပြီး စကူတာတွေ၊ လျှပ်စစ်ဆိုင်ကယ်တွေ၊ မြို့နေလူထုကို ဦးတည်တဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုများပြားတဲ့မြို့ကြီးတွေအတွက် မတူခြားနားတဲ့ သွားလာရေးနည်းလမ်းသစ်တွေဘက်ကို အာရုံစိုက်ကြိုးပမ်းလာနေပါတယ်။

ဟာလေ ဒေဗစ်ဆင် (Harley-Davidson) မော်တော်ဆိုင်ကယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ မသိတဲ့သူမရှိသလောက်ပါပဲ

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီတွေဖြစ်တဲ့ Bird နဲ့ Lime တို့က မြို့ကြီးတွေမှာ စကူတာငှားရမ်းတဲ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်နေကြပြီဖြစ်ပေမဲ့ သူတို့ဆီကစကူတာတွေရဲ့ အရည်အသွေးနဲ့ စိတ်ချရမှုအပိုင်းကို မေးခွန်းထုတ်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီး ဟာလေ ဒေဗစ်ဆင်က ခရီးတိုတွေအတွက် ပိုအဆင်ပြေကောင်းမွန်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်စေနိုင်တဲ့ပုံစံမျိုး ဖန်တီးဖို့ကြိုးစားနေတာပါ။

“ဒါက တကယ့်အခွင့်အရေးကောင်းပဲ” လို့ ဟာလေ ဒေဗစ်ဆင်ရဲ့ထုတ်ကုန်ပိုင်းဆိုင်ရာအကြီးအကဲ မာ့ခ် မက်အယ်လစ်စတာက ဆိုခဲ့ပြီး ကုမ္ပဏီအနေနဲ့လည်း ဂေဟစနစ်ဆိုင်ရာ အထောက်အကူပြုနိုင်တဲ့ ဆန်းသစ်တဲ့ စကူတာဒီဇိုင်းမျိုးကို ပုံဖော်ဖို့ အားထုတ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခြေနင်းတံတွေမပါဝင်တဲ့ လျှပ်စစ်စက်ဘီးနဲ့ ဖြုတ်တပ်လုပ်နိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ဒီဇိုင်းတွေကို ဟာလေ ဒေဗစ်ဆင်က ထုတ်ဖော်ပြသခဲ့

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခြေနင်းတံတွေမပါဝင်တဲ့ လျှပ်စစ်စက်ဘီးနဲ့ ဖြုတ်တပ်လုပ်နိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ဒီဇိုင်းတွေကို ဟာလေ ဒေဗစ်ဆင်က ထုတ်ဖော်ပြသခဲ့ပြီး ဝယ်ယူလိုသူ၊ ငှားရမ်းလိုသူတွေရှိလာမယ်ဆို စီးပွားဖြစ်ထုတ်လုပ်မှာလား ဆိုတာကို ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။

ကုမ္ပဏီအနေနဲ့ ဂေဟစနစ်ဆိုင်ရာ အထောက်အကူပြုနိုင်တဲ့ ဆန်းသစ်တဲ့ စကူတာဒီဇိုင်းမျိုးကို ပုံဖော်ဖို့ အားထုတ်နေတာ ဖြစ်ပါတယ်

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ကလေးတွေစီးနင်းနိုင်တဲ့ ဟန်ချက်ထိန်းစက်ဘီး StaCyc ကို ဟာလေ ဒေဗစ်ဆင်က ထုတ်လုပ်မိတ်ဆက်ထားပါပြီ။ ဟာလေ ဒေဗစ်ဆင်ကေနေ ထုတ်လုပ်သွားမယ့်စကူတာတွေ၊ လျှပ်စစ်ဆိုင်ကယ်တွေကို Bird နဲ့ Lime တို့လိုမျိုး ငှားရမ်းတဲ့ဝန်ဆောင်မှုမျိုးမလုပ်ဘဲ ဖောက်သည်တွေဆီ တိုက်ရိုက်ရောင်းချသွားဖို့သာ ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။

Ref: CNN “Harley-Davidson’s evolving mission toward a greener future”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top