စိုးမင်းအောင်(မြန်မာ)-ဆော့ရစ်သ်(ကမ္ဘောဒီးယား)
ပထမအချီမှာ ခြေကန်ချက်တွေနဲ့ အကဲစမ်းနေလို့ ကြိုးဝိုင်းဒိုင်က သတိပေးခဲ့ရပေမဲ့ ဒုတိယအချီမှာတော့ စိုးမင်းအောင်က မိုုးကြိုးလို တိုက်စစ်တွဲလုံးတွေနဲ့ ခွန်ခမာ ဆော့ရစ်သ်ကို အလဲထိုးခဲ့ပါတယ်။ စိုးမင်းအောင်ရဲ့ ဘယ်လက်သီးချက်က ဆော့ရစ်သ်ရဲ့ အရှိုက်တည့်တည့်ကို ထိမှန်ခဲ့လို့ ဆော့ရစ်သ် အထိနာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စိုးမင်းအောင်က ဒိုင်လွှတ်တာနဲ့ ခြေကန်ချက်တွေ ပစ်သွင်းလိုက်၊ လက်သီးတွဲလုံးတွေ ထိုးလိုက်နဲ့ ဆော့ရစ်သ်ကို အကြိမ်ကြိမ် ပြိုလဲစေခဲ့ပါတယ်။ စိုးမင်းအောင်က ဘယ်ဒူးတိုက်ချက်နဲ့ ပွဲသိမ်းပစ်ခဲ့ပါတယ်။ ကြိုးဝိုင်းပေါ်တက်ပြီး နောက်ဂျွမ်းထိုး အောင်ပွဲခံတဲ့ စိုးမင်းအောင်ရဲ့ အောင်ပွဲခံမှုကိုလည်း ပရိသတ်တွေ သဘောကျခဲ့ပါတယ်။
Team(ရိုးရာလေး)