ကြိုးဝိုင်းထဲမှာ ရရှိခဲ့တဲ့ ဦးနှောက်ဒဏ်ရာကြောင့် လက်ဝှေ့သမား ပက်ထရစ်ဒေး ကွယ်လွန်

yyl-17-018.jpg

အမေရိကန် လက်ဝှေ့သမား ပက်ထရစ်ဒေးဟာ ကြိုးဝိုင်းအတွင်းမှာရရှိခဲ့တဲ့ ဦးနှောက်ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ (၂၇)နှစ်အရွယ်ရှိတဲ့ ပက်ထရစ်ဒေးဟာ ပြီးခဲ့တဲ့စနေနေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမေရိကန်လက်ဝှေ့သမား ချားစ်ကွန်ဝဲလ်နဲ့ စူပါဝယ်တာဝိတ်တန်းပွဲစဉ် ထိုးသတ်ခဲ့ပါတယ်။

အဲဒီပွဲစဉ်ရဲ့ (၁၀)ချီမြောက်ဟာ ချားစ်ကွန်ဝဲလ်ရဲ့ ဘယ်ဝိုက်လက်သီးကြောင့် ပက်ထရစ်ဒေး လဲကျသွားခဲ့ပြီး ကိုမာဝင်သွားခဲ့တာပါ။ သူဟာ အစောပိုင်းအချီတွေမှာလည်း (၂)ကြိမ်တိုင်တိုင် လဲကျခဲ့ပါသေးတယ်။ အလဲထိုးခံရပြီးနောက်မှာ သူ့ကို ကြိုးဝိုင်းအတွင်း မိနစ်ပိုင်းကြာ ကုသခဲ့ပါတယ်။ အဲဒီနောက် ထမ်းစင်နဲ့ ခေါ်ထုတ်သွားပြီး ညတွင်းချင်း အရေးပေါ်ဦးနှောက်ခွဲစိတ်မှုလုပ်ခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့ညပိုင်းက ကွယ်လွန်သွားခဲ့တာပါ။

ပက်ထရစ်ဒေးကို ဆေးရုံမှာ ကုသပေးနေချိန်ကာလအတွင်း ပြိုင်ဘက်ဖြစ်သူ ချားစ်ကွန်ဝဲလ်က အူလှိုက်သည်းချာ ဆုတောင်းပေးခဲ့ပြီး ဒီလိုအဖြစ်မျိုး ကြုံရပါစေလို့ မရည်ရွယ်ခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။ သူ့အနေနဲ့လည်း ဒီဖြစ်ရပ်ကြောင့် လက်ဝှေ့လောကကနေ အနားယူဖို့ စိတ်ကူးမိတယ်လို့ ချားစ်ကွန်ဝဲလ်က ဆိုပါတယ်။ ပက်ထရစ်ဒေး ကွယ်လွန်သွားပြီးနောက်မှာတော့ ပွဲစီစဉ်သူ အက်ဒီဟန်းအပါအဝင် လက်ဝှေ့အသိုင်းအဝိုင်းတစ်ခုလုံးက ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top