ဗလီထဲ ဖိနပ်စီးဝင်ပြီး ခွေးခေါ်လာခဲ့တဲ့ စိတ်ဝေဒနာရှင် အမျိုးသမီး ထောင်ကျခံရမယ့်ဘေးက လွတ်မြောက်

yyl-047.jpg

အင်ဒိုနီးရှားနိုင်ငံက စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဗလီထဲကို ခွေးခေါ်လာတဲ့အတွက် ဘုရားကို ပြစ်မှားစော်ကားတယ်လို့ စွဲချက်တင်ခံရပေမဲ့ ထောင်ဒဏ်ချမှတ်ခံရမယ့်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဆူဇီသီမာဂရက်က ဗလီထဲကို ဖိနပ်စီးဝင်လာပြီး သူ့ခွေးကို ဗလီထဲ လွှတ်ပေးထားတဲ့ ရုပ်သံမှတ်တမ်းက ပြီးခဲ့တဲ့ဇူလိုင်လမှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ မာဂရက်က သူ့ကိုယ်သူ ကက်သလစ်ဘာသာဝင်တစ်ယောက်လို့ ဆိုခဲ့ပြီး ဗလီထဲ ဝင်လာခဲ့ပါတယ်။ သူ့ခင်ပွန်းက အဲဒီနေ့နှောင်းပိုင်းကျရင် ဗလီမှာ မင်္ဂလာဆောင်မယ်လို့ မာဂရက်က ပြောခဲ့ပါတယ်။ ဗလီမှာ လာရောက်ဝတ်ပြုသူတွေကတော့ မင်္ဂလာဆောင်မယ်ဆိုတဲ့ ကိစ္စကို မသိကြပါဘူး။

ဗလီအစောင့်က သူ့ကို မောင်းထုတ်ချိန်မှာ မာဂရက်က အစောင့်ကို ကန်ကျောက်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ခွေးကို သန့်ရှင်းမှုမရှိဘူးလို့ သတ်မှတ်ထားတဲ့အတွက် မာဂရက်ရဲ့လုပ်ရပ်က ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။ အစိုးရရှေ့နေတွေက မာဂရက်ကို ထောင်ဒဏ် ၈ လ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မာဂရက်က ဘုရားကို ပြစ်မှားစော်ကားတဲ့အတွက် အပြစ်ရှိပေမဲ့ သူ့ကို တာဝန်ယူခိုင်းလို့ မရနိုင်ဘူးလို့ ဘိုဂွာမြို့ တရားသူကြီးအဖွဲ့က ပြောပါတယ်။ ၂၀၁၃ ခုနှစ်က ကျန်းမာရေးစစ်ဆေးမှု အဖြေလွှာအရ မာဂရက်ဟာ ထင်ယောင်ထင်မှားဖြစ်တဲ့ စိတ်ဝေဒနာ ခံစားနေရသူလို့ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top