ဘရာဇီးနိုင်ငံမှာ ဓားပြတိုက်ခံရတယ်လို့ ရေးထားတဲ့ပို့စ်ကို ဘရာဇီးခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က မှားယွင်းဝေမျှမိခဲ့

yyl-046.jpg

ဘရာဇီးနိုင်ငံကို လာလည်ချိန်မှာ ဓားပြတိုက်ခံရတဲ့အကြောင်း ရေးသားထားတဲ့ ခရီးသွားတစ်ယောက်ရဲ့ တွစ်တာပေါ်က ရေးသားဖော်ပြချက်ကို ဘရာဇီးနိုင်ငံ ခရီးသွားလုပ်ငန်း ဆိုင်ရာ အမျိုးသားဘုတ်အဖွဲ့က မတော် တဆဝေမျှဖော်ပြမိခဲ့ပါတယ်။ ပြီးခဲ့သည့်အင်္ဂါနေ့မှာ ဝီသလိုင်လို့ အမည်ရတဲ့ တွစ်တာအသုံးပြုသူက ”ရီယိုဒီဂျနေးရိုးမြို့ဟာ လှပတဲ့မြို့တစ်မြို့ ပါ”လို့ အစချီပြီး တွစ်တာပေါ်တွင် ပို့စ်တစ်ခု ရေးသားခဲ့ပါတယ်။

အဲဒီပို့စ်ထဲမှာ ”ကျွန်မတို့မိသားစုတွေ ဓားပြတိုက်ခံခဲ့ရတယ်။ ကိုးနှစ်အရွယ် ညီမလေးလည်း ကြမ်းတမ်းတဲ့ ဓားပြ တိုက်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ တိုက်ခန်းထဲက ထွက်ဖို့တောင် ကြောက်နေရတဲ့ ရီယိုဒီဂျနေးရိုးမြို့ ကို သွားပါလို့ မထောက်ခံချင်ဘူး”လို့ ဝီသလိုင်က ရေးသားခဲ့ပါတယ်။ အဲဒီရေးသားချက်ကို ဘရာဇီးနိုင်ငံ ခရီးသွားလာရေး ဆိုင်ရာအမျိုးသားဘုတ်အဖွဲ့က ဝေမျှမိခဲ့တာပါ။ ဘရာဇီးနိုင်ငံမှာ အကြမ်းဖက် ဒုစရိုက်မှုတွေ မြင့်မားလာပြီး ပြီးခဲ့သည့်နှစ်က ရီယိုဒီဂျနေးရိုးပြည်နယ်တွင် လူသတ်မှု ၄၀၀၀ လောက်ဖြစ်ခဲ့သလို လူမြင်ကွင်းတွင် လုယက်မှု ၁၂၀,၅၀၀ အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုပမာဏဟာ ၁၉၉၁ခုနှစ် နောက်ပိုင်း အနည်းဆုံးဖြစ်ပါတယ်။ အမေဇုန်သစ်တောရဲ့ သဘာဝအလှအပနဲ့ ရီယိုကာနေဗယ်ပွဲတော်က နိုင်ငံတကာမှာ ကျော်ကြားပေမဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘရာဇီးနိုင်ငံကို နိုင်ငံခြားခရီးသည်ဝင်ရောက်မှု နည်းပါးပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top