တူရကီနိုင်ငံမှာ ရေခဲနဲ့ ဆီးနှင်းပြိုကျမှု နှစ်ရက်ဆက်တိုက်ဖြစ်ပွားလို့ လူ ၄၁ ယောက် သေဆုံး

yyl-048.jpg

တူရကီနိုင်ငံက တောင်စောင်းတစ်ခုမှာ ရေခဲနဲ့ ဆီးနှင်းပြိုကျမှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့လို့ လူ ၄၁ ယောက်သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အီရန်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တူရကီနိုင်ငံအရှေ့ပိုင်းမှာ ရေခဲနဲ့ ဆီးနှင်းပြိုကျခဲ့လို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အဲဒီနေရာကို ကယ်ဆယ်ရေးလုပ်သား ၃၀၀ လောက် ရောက်ရှိနေချိန်မှာ ရေခဲနဲ့ ဆီးနှင်းပြိုကျမှု ထပ်ဖြစ်ခဲ့တာပါ။

သေဆုံးသူတွေထဲမှာ ရဲအရာရှိတွေ၊ လုံခြုံရေးအစောင့်အကြပ်တွေ၊ မီးသတ်သမားတစ်ယောက်နဲ့ အရပ်သားတွေ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဒုတိယမြောက် ရေခဲနဲ့ ဆီးနှင်းပြိုကျမှု ဖြစ်ပွားပြီးနောက်မှာ လူ ၃၀ ကို ဆီးနှင်းထဲကနေ ဆွဲထုတ်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ မြူခိုးတွေနဲ့ ဆီးနှင်းကျဆင်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top