စီးပွားရေးခက်ခဲပြီးရာသီဥတုအေးနေချိန်မှာ မက်ဆီရဲ့စားသောက်ဆိုင်က အိမ်ရာမဲ့တွေကို အစားအသောက် ကျွေး၊ ခိုလှုံစရာပေး

7fe5e8c25d24f57edc6b2502a67452b1.jpg

အာဂျင်တီးနားနိုင်ငံမှာ မက်ဆီဖွင့်လှစ်ထားတဲ့စားသောက်ဆိုင်က အိမ်ရာမဲ့တွေအတွက် အစား၊ အသောက်တွေ ကျွေးမွေးနေပါတယ်။ လက်ရှိအချိန်ဟာ အာဂျင်တီးနားနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းကြုံတွေ့နေပြီး ရာသီဥတုကလည်း အေးခဲနေပါတယ်။

မက်ဆီက သူ့ရဲ့စားသောက်ဆိုင်ဝန်ထမ်းတွေဆီ ဖုန်းဆက်ပြီး လမ်းပေါ်မှာ အိပ်နေရသူတွေကို စားသောက်ဆိုင်မှာခိုလှုံခွင့်ပေးဖို့၊ အစား၊ အသောက်ကျွေးဖို့ မှာကြားခဲ့

အဲဒီလိုအနေအထားမှာ မက်ဆီက သူ့ရဲ့စားသောက်ဆိုင်ဝန်ထမ်းတွေဆီ ဖုန်းဆက်ပြီး လမ်းပေါ်မှာ အိပ်နေရသူတွေကို စားသောက်ဆိုင်မှာခိုလှုံခွင့်ပေးဖို့၊ အစား၊ အသောက်ကျွေးဖို့ မှာကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး ရိုဆာရီယိုမြို့က VIP စားသောက်ဆိုင်မှာ ငွေကြေးချို့တဲ့နွမ်းပါးသူတွေကို ပူပူနွေးနွေးစားစရာတွေ ကျွေးမွေးခဲ့တာပါ။ လာမယ့် (၂) ပတ်ကျော်ကာလအထိ အိမ်ရာမဲ့တွေကို အစား၊ အသောက်ကျွေးမွေးသွားမယ်လို့ ဆိုပါတယ်။

မက်ဆီဟာ ကွင်းထဲမှာသူရဲကောင်းတစ်ယောက်ဖြစ်သလို ကွင်းပြင်မှာလည်း နှလုံးရည်ပြည့်ဝတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်

မက်ဆီဟာ ကွင်းထဲမှာသူရဲကောင်းတစ်ယောက်ဖြစ်သလို ကွင်းပြင်မှာလည်း နှလုံးရည်ပြည့်ဝတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ မက်ဆီဟာ အခုနှစ်အစောပိုင်းကလည်း ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ The Leo Messi ဖောင်ဒေးရှင်းဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ ပူးပေါင်းပြီး ကင်ညာနိုင်ငံကစီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

လာမယ့် (၂) ပတ်ကျော်ကာလအထိ အိမ်ရာမဲ့တွေကို အစား၊ အသောက်ကျွေးမွေးသွားမယ်လို့ ဆို

မက်ဆီရဲ့ဖောင်ဒေးရှင်းဟာ ရေဘုံပိုင်အသစ်တွေတည်ဆောက်ဖို့၊ အစားအစာတွေထောက်ပံ့ပေးဖို့အပါအဝင် စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက် ယူရို (၂) သိန်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ အဲဒီစီမံကိန်းဟာ ကင်ညာနိုင်ငံက လူ (၂၀၀၀) အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း The Leo Messi ဖောင်ဒေးရှင်းဟာ Stavros Niarchos (SNF) ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ဘာစီလိုနာမြို့မှာ SJD ကလေးငယ်ကင်ဆာစင်တာတည်ဆောက်ရေးအတွက် ယူရို (၂.၆) သန်း လှူဒါန်းခဲ့ပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top