မန်ယူက အာဆင်နယ်ထက် ပိုကြီးကျယ်တဲ့ ကလပ်မဟုတ်လို့ အူဘာမီယန်း အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ဆို

6-8-2002-yyl-010.jpg

ဘာစီလိုနာအသင်းက အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး တတ်နိုင်လောက်မှာ မဟုတ်သလို မန်ယူကလည်း အာဆင်နယ်ထက် ပိုကြီးကျယ်တဲ့ ကလပ်အသင်းမဟုတ်လို့ အူဘာမီယန်းအနေနဲ့ အာဆင်နယ်မှာပဲ ဆက်ကစားလိမ့်မယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာလီနီကိုလက်စ်က ပြောပါတယ်။ ဘာစီလိုနာ၊ မန်ယူ၊ ဂျူဗင်တပ်၊ ရီးရဲလ်အသင်းတွေက သူ့ကို စိတ်ဝင်စားနေပြီး အသင်းကြီးတစ်သင်းသင်းက သူ့ကို ခေါ်လိမ့်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်က သူ့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အရှိန်မြှင့်ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို အနိုင်ယူပြီး အာဆင်နယ်အသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ကစားခွင့်ရခဲ့လို့ အူဘာမီယန်းကို ဆက်ထိန်းနိုင်မယ့် အလားအလာ ပိုကောင်းလာပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ ၂ ဂိုး သွင်းခဲ့တဲ့ အူဘာမီယန်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အာဆင်နယ်အတွက် ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။

” ကျွန်တော် အခုချိန်မှာ အူဘာမီယန်းနဲ့ စကားပြောဖြစ်ရင် အင်္ဂလန်မှာ အာဆင်နယ်ထက် ပိုကြီးကျယ်တဲ့ အသင်း ၂ သင်းပဲ ရှိတယ်။ အဲဒါ လီဗာပူးနဲ့ မန်စီးတီးပဲလို့ ပြောဖြစ်မှာပါ။ သူက မန်ယူကို တကယ်ရော ပြောင်းချင်ရဲ့လား။ မန်ယူက မန်စီးတီးနဲ့ လီဗာပူးကို မမီသေးပါဘူး။ ဂျူဗင်တပ်လည်း သိပ်မကွာပါဘူး။ ဘာစီလိုနာက ငွေကြေးအခက်အခဲရှိတယ်။ ရီးရဲလ်ကလည်း အရင်ကလောက် မချမ်းသာပါဘူး။ အဲဒီတော့ အူဘာမီယန်းက အာဆင်နယ်မှာပဲ ဆက်ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ချာလီနီကိုလက်စ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top